ASEAN+3 ထိပ်သီးအစည်းအဝေး နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် တက်ရောက်

ASEAN+3 ထိပ်သီးအစည်းအဝေး နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် တက်ရောက်

နိုဝင်ဘာ ၄။     ။ အာဆီယံ အပေါင်း သုံး ထိပ်သီးအစည်းအဝေးကို နိုဝင်ဘာ ၄ ရက်က ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ ကျင်းပရာ နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် တက်ရောက်ခဲ့တယ်လို့ သိရပါတယ်။

အဆိုပါ အာဆီယံ အပေါင်း သုံး အစည်းအဝေးမှာတော့ အာဆီယံ နိုင်ငံတွေက ခေါင်းဆောင်တွေနဲ့အတူ တရုတ် ဝန်ကြီးချုပ် လီခချန်၊ တောင်ကိုရီးယား သမ္မတ မွန်းဂျေအင်း၊ ဂျပန် ဝန်ကြီးချုပ် ရှင်ဇို အာဘေးတို့ တက်ရောက်ခဲ့ကြပါတယ်။

နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကတော့ အာဆီယံ ထိပ်သီးအစည်းအဝေးနဲ့ ဆက်စပ် အစည်းအဝေးတွေကို တက်ရောက်ဖို့ ထိုင်းနိုင်ငံမှာ ရောက်ရှိနေတာဖြစ်ပါတယ်။

Mizzima Key Campaign မှာ ပါဝင်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ Visit Our website: http://building.mizzimafoundation.org/

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly