ဂါဇာမှာ အစ္စရေးရဲ့ လေကြောင်းစီးနင်းမှုအတွင်း ပါလက်စတိုင်းအရပ်သားတွေ သေဆုံးဒဏ်ရာရ

ဂါဇာမှာ အစ္စရေးရဲ့ လေကြောင်းစီးနင်းမှုအတွင်း ပါလက်စတိုင်းအရပ်သားတွေ သေဆုံးဒဏ်ရာရ

ဂါဇာ၊နိုဝင်ဘာ ၄။        ။ ဂါဇာကမ်းမြောင်မှာ ပြီးခဲ့တဲ့ စနေနေ့က အစ္စရေးရဲ့ လေကြောင်းထိုးစစ်အတွင်း အရပ်သား တစ်ဦး သေဆုံးပြီး အခြားနှစ်ဦး ဒဏ်ရာရကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပန်ပါတယ်။

ခုလို အစ္စရေးရဲ့ လေကြောင်းထိုးစစ် မတိုင်ခင် ညပိုင်းမှာ စစ်သွေးကြွတွေက ဒုံးကျည်တွေနဲ့ အစ္စရေးဖက်ခြမ်းကို ပစ်ခတ်ခဲ့တာ ဖြစ်ပါတယ်။

ဂါဇာကမ်းမြောင် တောင်ပိုင်း ခန်းယုနစ်မြို့မှာ အစ္စရေးရဲ့ လေကြောင်းစီးနင်းမှုအတွင်း သုံးဦး ဒဏ်ရာရခဲ့တယ်လို့ ကျန်းမာရေးဝန်ကြီးဌာန ပြောခွင့်ရသူ အက်ရှာရတ်အယ်ကွီဒရာက ပြောပါတယ်။

အဲဒီ သုံးဦးအနက် အသက် ၂၇ နှစ်အရွယ် အာမတ်အယ်ရှီရီဟာ ဆေးရုံရောက်ပြီး အချိန်ပိုင်းမှာ သေဆုံးတာလို့ ၎င်းက ဆိုပါတယ်။

သောကြာနေ့ညက ဂါဇာကမ်းမြောင်ဖက်ကနေ အစ္စရေးဖက်ဆီ ဒုံးကျည် ဆယ်စင်း ပစ်လွှတ်တိုက်ခိုက်ခံရတယ်လို့ အစ္စရေး စစ်တပ်က ထုတ်ပြန်ထားတာ ဖြစ်ပါတယ်။

အဲဒီ ဆယ်စင်းမှာ ရှစ်စင်းကို အစ္စရေးရဲ့ Iron Dome ဒုံးခွင်းဒုံးစနစ်က ဖျက်ချနိုင်ခဲ့ပြီး တစ်စင်းကတော့ ဆဒါရော့မြို့က အိမ်တစ်အိမ် ထိမှန်ပေမယ့် ဒဏ်ရာရသူ တစ်ဦးတစ်ယောက်မှ မရှိကြောင်း သိရပါတယ်။

Mizzima Key Campaign မှာ ပါဝင်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ Visit Our website: http://building.mizzimafoundation.org/

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly