နိုဝင်ဘာ ၂။ ။ အမေရိကန် ပြည်ထောင်စု ကယ်လီဖိုးနီးယား ပြည်နယ်မှာ တောမီးတွေ ဆက်လက်လောင်ကျွမ်းနေပြီး ယခုအခါ လူနေအိမ်တွေ၊ သစ်သီးခြံတွေကိုပါ ခြိမ်းခြောက်လာနေလျက် ရှိပါတယ်။
နိုဝင်ဘာ ၁ ရက်က ဆိုရင် ယင်းပြည်နယ်မှာ အသစ်ကူးစက်လောင်ကျွမ်းခဲ့တဲ့ တောမီးကြီးတစ်ခုက ဧကပေါင်း ၉,၀၀၀ ( ဟက်တာ ၃,၇၀၀) နီးပါးအထိ ကြီးထွားလာခဲ့တဲ့အတွက် အနီးအနားနေ ဒေသခံ ပြည်သူထောင်ပေါင်းများစွာ ဘေးလွတ်ရာ ထွက်ပြေးခဲ့ကြရပါတယ်။
တောမီးတွေကြောင့် ပြည်နယ်တွင်းက သဘာဝ သယံဇာတတွေကိုပါ ခြိမ်းခြောက်လာနေလျက် ရှိပါတယ်။
Maria Fire လို့ ခေါ်ကြတဲ့ တောမီးဟာ ပြီးခဲ့တဲ့ အောက်တိုဘာ ၃၁ ရက်က လော့စ်အိန်ဂျလိစ် အနောက်မြောက်ပိုင်း ၆၅ မိုင်ခန့်အကွာ Ventura ကောင်တီမှာ စတင်လောင်ကျွမ်းခဲ့တာဖြစ်ပြီး ယင်းနေ့ညပိုင်းမှာ လေတိုက်နှုန်းအားကောင်းမှုကြောင့် ထိန်းချုပ်မရတဲ့ အခြေအနေကို ရောက်နေခဲ့ပါတယ်။
အဆိုပါ တောမီးက သစ်သီးခြံတွေ အပါအဝင် သီးနှံစိုက်ခင်းတွေကိုပါ ပြန့်နှံ့လောင်ကျွမ်းနေခဲ့တယ်လို့ သိရပါတယ်။
လက်ရှိမှာတော့ အဆိုပါ ပြည်နယ်တွင်းမှာ Maria fire အပြင် ပြည်နယ်တစ်ခွင် အခြား နေရာတွေမှာ လောင်ကျွမ်းနေလျက် ရှိတဲ့ တောမီးတွေကို ငြိမ်းသတ်နိုင်ဖို့ မီးသတ်သမားတွေ အပြင်းအထန် အားထုတ်ကြိုးပမ်းနေကြရလျက် ရှိပါတယ်။
Mizzima Key Campaign မှာ ပါဝင်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ Visit Our website: http://building.mizzimafoundation.org/