အွန်လိုင်းအသုံးပြုရာတွင် အပြုသဘောဆောင်သည့် အလေ့အထများတိုးပွားစေရန် ပြပွဲပြုလုပ်

အွန်လိုင်းအသုံးပြုရာတွင် အပြုသဘောဆောင်သည့် အလေ့အထများတိုးပွားစေရန် ပြပွဲပြုလုပ်

ရန်ကုန်၊ နိုဝင်ဘာ ၁။         ။ အွန်လိုင်း အသုံးပြုရာတွင် ပိုမိုအပြုသဘောဆောင်သော အလေ့အထများတိုးပွားလာစေရန်အတွက် စကားအလှကုထုံးဆိုသည့် အနုပညာပြပွဲတစ်ခုကို အများပြည်သူများ ကြည့်ရှုခံစားနိုင်ရန် ရန်ကုန်မြို့ ဝန်ကြီးများရုံးတွင် နိုဝင်ဘာလ ၂ ရက်နေ့မှ စတင်ကာ ပြသမည်ဟု သိရသည်။

အဆိုပါပြပွဲကို လူမှုရပ်ဝန်းပြောင်းလဲတိုးတက်ရေး အေဂျင်စီဖြစ်သော Love Frankieနှင့် ပြည်တွင်း အနုပညာစုံအသင်းအဖွဲ့တစ်ခုဖြစ်သည့် ပဉ္စရသတို့ပူးပေါင်းကာ ပြုလုပ်ခြင်းဖြစ်ပြီး အနုပညာရှင် (၁၀ )ဦး၏ အနုပညာ ဖန်တီးမှုများကို နိုဝင်ဘာ၂ ရက်မှ နိုဝင်ဘာ ၁၇ ရက်နေ့အထိ ၁၆ ရက်ကြာ ပြသသွားမည်ဟု သိရသည်။

 “ အနုပညာရှင် ၁၀ဦး ပါဝင်တယ်။ ကျွန်တော်တို့က ဒီအနုပညာပွဲမှာ သူများတွေနဲ့ မတူတဲ့ အနုပညာ လက်ရာတွေ ပါတယ်။ အထူးသဖြင့်  အနုပညာကြားခံနယ်မြေမတူတဲ့ အနုပညာလက်ရာတွေကို တွေ့ရမယ်။ ပန်းချီနဲ့ ပတ်သက်တာတွေ တွေ့ရမယ်။ မတူညီတဲ့ အနုပညာလက်ရာတွေကို တွေ့ရမှာ ဖြစ်တယ်။ ဒီအနုပညာလက်ရာတွေမှ ကျွန်တော်တို့ မတူညီတဲ့အတွေးအခေါ် အယူအဆတွေ ပါမယ်” ဟု  ပဉ္စရသမှ ကိုအောင်ဆက်လင်းက  ပြောသည်။
 

ယနေ့ခေတ်တွင် အဆိုးမြင်ကာ ရန်လိုသည့် အင်တာနက်ယဉ်ကျေးမှုကို ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပေါ်စေသည့် နည်းလမ်းများစွာရှိလာသောကြောင့် အပြုသဘောဆောင်သည့် ပြောင်းလဲမှုဖြစ်ပေါ် ကာ အနာဂတ်သစ်တစ် ခုအ တွက် မျှော်မှန်းချက်တစ်ခုအဖြစ် အဆိုပါပြပွဲကို ကျင်းပပြုလုပ်ခြင်း ဖြစ်ကြောင်း ပွဲစီစဉ်သူများထံမှ သိရသည်။

“ငယ်ငယ်တုန်းက တီတီတာတာ  စကားလုံးတွေ ၊ ဒီလို့သာ ပြောမယ်ဆိုရင် ပရိသတ်တွေက တစ်ယောက်နဲ့ တစ်ယောက်မုန်းမှာ မဟုတ်ဘူး။ ချစ်ခြင်းမေတ္တာအဖွဲ့ တွေ့ရသလို ၊ ကိုယ်ကို ကိုယ် မေးခွန်းထုတ် နေသလို  ငါလုပ် နေ တာ မှန်ရဲ လား ၊ ငါလုပ်လိုက်ရင် သူတစ်ပါး စိတ်ဆိုးစေသလား ၊ ဒါတွေကို တွေ့ရှိရမှာဖြစ်ပါတယ်”  ကိုအောင်ဆက်လင်းက ဆက်ပြောသည်။

လာရောက်ကြည့်ရှုသူများအနေဖြင့် ကြင်နာစိတ် ၊ ကိုယ်ချင်းစာစိတ် ပြည့်ဝသော အွန်လိုင်း အသုံးပြုမှု ဆိုင်ရာ အကြောင်းအရာများကို ပိုမိုသိရှိနားလည်ခံစားနိုင်ပြီး အနုပညာလက်ရာများ နှင့် ဖန်တီးပြသမှု အမျိုးမျိုးကို ခံစားကြည့်ရှုနိုင်မည် ဖြစ်ကြောင်း သိရသည်။

 အဆိုပါ အနုပညာပြပွဲကို နေစဉ် နံနက် ၁၀ နာရီ မှ ညနေ ၅ နာရီအထိ ဖွင့်လှစ်ပြသသွားမည်ဖြစ်ပြီး မည်သူမဆို ဝင်ကြေးအခမဲ့ဖြင့် ဝင်ရောက်လေ့လာနိုင်ကြောင်း သိရသည်။
 

Mizzima Key Campaign မှာ ပါဝင်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ Visit Our website: http://building.mizzimafoundation.org/

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly