ရန်ကုန်၊ နိုဝင်ဘာ ၁။ ။ ကမ္ဘာပတ်ပျံသန်းမှုများ ပြုလုပ်နေသည့် ဒုတိယကမ္ဘာစစ်တွင် အသုံးပြုခဲ့သည့် Silver spitfire လေယာဉ်သည် အောက်တိုဘာ၃၀ရက်နေ့တွင် မြန်မာနိုင်ငံသို့ရောက်ရှိခဲ့ပြီး ရန်ကုန်အပြည်ပြည် ဆိုင်ရာလေဆိပ်သို့ ဆင်းသက် ခဲ့သည်။
ထိုတိုက်လေယာဉ်အား ၁၉၄၃ခုနှစ်က တည်ဆောက်ခဲ့ခြင်းဖြစ်ကာ ဒုတိယကမ္ဘာစစ်တွင် မြန်မာနိုင်ငံပေါ်မှ ပျံသန်းခဲ့ဖူးကြောင်း သိရသည်။
"ကျွန်တော်တို့ ဒီစစ်လေယာဉ်တွေက ပုံမှန်ဆိုလို့ရှိရင် စစ်စိမ်းရောင်ပေါ့နော် စစ်စိမ်းရောင်ကိုသုတ်ထားတယ်။ ကျွန်တော်တို့က ဒီဟာက စစ်သဘောတရားကိုမဆောင်ချင်ဘူး။ ငြိမ်းချမ်းရေးသဘောတရားကို ပြန်ပြီးတော့ ဖော်ဆောင်ချင်တယ်။ အဲ့အတွက်ကြောင့်မို့ ကျွန်တော်တို့က ဒီစစ်စိမ်းရောင်ကို ပြန်ပြီးခွာလိုက်တယ်။ ပြီးတော့ သူ့ရဲ့နဂိုမူလအရောင်ဖြစ်တဲ့ ငွေရောင်ကိုပြန်ပြီးတော့ ထိန်းသိမ်းထားတယ်။ ဒီလေယာဉ်ပျံသန်းသွားတယ်ဆိုရင် ဒါက ငြိမ်းချမ်းရေးသဘောတရားကို ဖော်ဆောင်တယ်ဆိုတဲ့ ခံစားချက်ကိုရမှာပါ။"ဟုရန်ကုမြို့ ဗြိတိသျှသံရုံးမှ Ambassadorဖြစ်သော Mr.Dan Chugg ကပြောသည်။
တိုက်လေယာဉ်သည် ယခုနှစ် သြဂုတ်လ ၅ရက်နေ့မှ စတင်ကာ တစ်ကမ္ဘာလုံးသို့ ပျံသန်းနေခြင်းဖြစ်ပြီး လက်ရှိတွင် အမေရိက၊ ကနေဒါ၊ ရုရှား၊ ဂျပန်နှင့် ထိုင်းနိုင်ငံတို့တွင် ပျံသန်းခဲ့ကြောင်း မြန်မာနိုင်ငံ၌ ရန်ကုန်လေဆိပ်မှ မန္တလေးသို့ နိုဝင်ဘာ ၁ရက်တွင် ပျံသန်းသွားမည်ဖြစ်ကြောင်း သိရသည်
နှစ်ပေါင်း ၇၆နှစ်ကြာသက်တမ်းရှိသည့် အဆိုပါတိုက်လေယာဉ်အား ပြန်လည်ပြုပြင်ထိန်းသိမ်းမှုများ လုပ်ဆောင်ကာ လေယာဉ်ပေါ်တွင်ရှိသည့် သေနတ်များအားဖြုတ်၍ ဆေးပြန် သုတ်ထားခြင်းဖြစ်သည်။ Silver spitfire လေယာဉ်သည် ကမ္ဘာတစ်ဝှမ်းတွင်ရှိသည့် နိုင်ငံပေါင်း၃၀၀န်းကျင်၊ မိုင်ပေါင်း ၂၇၀၀၀ခရီးအား လေးလကြာ ပျံသန်းသွားမည်ဟု သိရသည်။
ယခုအခါ မိုင်အားဖြင့် ၂၂၀၀၀နီးပါးအထိ ပျံသန်းခဲ့ပြီးပြီဖြစ်သောကြောင့် ခရီးစဉ်တစ်ဝက်သို့ ရောက်နေပြီဖြစ်သည်ဟု သိရသည်။
"ဧရာဝတီမြစ်ပေါ်ကို ဖြတ်ကျော်ပြီးပျံသန်းရမှာက ကျွန်တော့်အတွက် ကဗျာအရမ်းဆန်တယ်။ အရမ်းအနုပညာ ဆန်တဲ့အတွေ့အကြုံတစ်ခုဖြစ်ဖို့ ကျွန်တော်မျှော်လင့်ထားပါတယ်။" လေယာဉ်မှူး Mr.Steve Brooks က ပြောသည်။
ထိုတိုက်လေယာဉ်သည် မြန်မာနိုင်ငံအတွက် မကောင်းသတင်းနှင့် ကျော်ဇော်ခဲ့သောကြောင့် ယခုကဲ့သို့နေရာမျိုးအား ပြန်လာရခြင်းသည် ၎င်းတို့အတွက် စိတ်ထဲ၌ ခံစားချက် အများကြီးဖြစ်ပေါ်စေသည်ဟု ပွဲစီစဉ်သူကပြောသည်။
တာတိုတိုက်လေယာဉ်များဖြစ်သည့် Spitfireတွေသည် ၁၉၄၀ ဗြိတိန်စစ်ပွဲကာလတွင် နာဇီဂျာမနီ၏ ကျူးကျော်မှုကို ဗြိတိန်မှပြန်လည်တိုက်ခိုက်ရာတွင် အရေးပါသည့် အခန်းကဏ္ဍမှ ပါဝင်ခဲ့သည်။ Spitfire လေယာဉ်အစီးပေါင်း ၂သောင်းဝန်းကျင်ခန့်တည်ဆောက်ခဲ့သော်လည်း ယခုလက်ရှိတွင် အစီးရေ ၂၅၀ခန့်သာကျန်ရှိပြီး ယင်းထဲကမှ အစီးရေ ၅၀ခန့်သာ ပျံသန်းနိုင်ချေရှိတော့သည်။
Mizzima Key Campaign မှာ ပါဝင်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ Visit Our website: http://building.mizzimafoundation.org/