လက်ထပ်ခွင့်တောင်းတာကို ငြင်းပယ်လို့ ဂမ်ဘီးယားသမ္မတဟောင်းရဲ့ မုဒိမ်းပြုကျင့်ခံခဲ့ရတယ်လို့ အလှမယ်ဟောင်း တိုင်ကြား

လက်ထပ်ခွင့်တောင်းတာကို ငြင်းပယ်လို့ ဂမ်ဘီးယားသမ္မတဟောင်းရဲ့ မုဒိမ်းပြုကျင့်ခံခဲ့ရတယ်လို့ အလှမယ်ဟောင်း တိုင်ကြား

ဘန်ဂျယ်၊ နိုဝင်ဘာ ၁။             ။ ဂမ်ဘီးယားနိုင်ငံက အလှမယ်ဟောင်းတစ်ဦးက  သမ္မတဟောင်း ယာဟာဂျမ်မက်ဟာ သမ္မတအဖြစ် တာဝန်ထမ်းဆောင်နေချိန်က သူ့ကို သားမယားအဖြစ် ပြုကျင့်ခဲ့တယ်လို့ စွဲဆိုတိုင် ကြားလာပါတယ်။

သမ္မတဟောင်း ယာဟာဂျမ်မက်က လက်ထပ်ခွင့်တောင်းတာကို ငြင်းပယ်တာကြောင့် အပြစ်ပေးတယ်ဆိုပြီး သားမယားပြုကျင့်ခံခဲ့ရတယ်လို့ အလှမယ်ဟောင်း ဖာတော့ဂျယ်လိုက ပြောပါတယ်။

“သူက ကျွန်မကို သင်ခန်းစာ ပေးတယ်ဆိုတယ်။ သူ့ ဆန္ဒအတိုင်းပဲ ဖြစ်အောင် လုပ်ခဲ့တာ ဖြစ်တယ်။”လို့ ဖာတော့ဂျယ်လိုက ပြောပါတယ်။

“အဲဒီ အချိန်က သူပြောခဲ့တာဟာ ကျွန်မကို ကိုယ့်ကိုကို ဘာထင်နေသလဲဆိုပြီး မေးလည်းမေးတယ်။ ပြီးတော့ သားမယားပြုကျင့်ပါတယ်။ သူဟာ သမ္မတ ဖြစ်တယ်၊ သူလိုချင်တဲ့ ဘယ်မိန်းမမဆို ရယူနိုင်တယ်လို့လည်း ပြောပါတယ်။”ဆိုပြီး ဂျယ်လိုက ယုံကြည်မှု၊ ညှိနှိုင်းမှုနှင့် လျော်ကြေးဆိုင်ရာ ကော်မရှင် TRRC ထံ တိုင်ကြားတာ ဖြစ်ပါတယ်။

သမ္မတ ဂျမ်မက်ဟာ ရွေးကောက်ပွဲမှာ ရှုံးနိမ့်ပြီး အစောပိုင်းမှာ ရာထူးက နုတ်ထွက်ပေးဖို့ ငြင်းဆန်နေခဲ့ရာက ၂၀၁၇ ဇန်နဝါရီမှာ နိုင်ငံကနေ ထွက်ပြေးခဲ့တာ ဖြစ်ပါတယ်။

သူဟာ ၁၉၉၄ ခုနှစ်က လူအသေအဆုံးများတဲ့ အာဏာသိမ်းမှုနဲ့ သမ္မတရာထူး ရယူခဲ့တာ ဖြစ်ပါတယ်။ လက်ရှိသမ္မတ အက်ဒါမာဘာရိုးကို ၂၀၁၆ ဒီဇင်ဘာ ရွေးကောက်ပွဲမှာ ရှုံးနိမ့်ခဲ့တာ ဖြစ်ပါတယ်။

ဂျမ်မက်လက်ထက်က နိုင်ထက်စီးနင်း အလွဲသုံးစားမှုတွေကို စစ်ဆေးစီရင်ဖို့ TRRC ကော်မရှင်ကို ဖွဲ့စည်းတည်ထောင်ထားတာ ဖြစ်ပါတယ်။

Mizzima Key Campaign မှာ ပါဝင်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ Visit Our website: http://building.mizzimafoundation.org/

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly