သမ္မတ ထရမ့်အား အပြစ်ရှိကြောင်း စွဲဆိုရန် အောက်လွှတ်တော်မှာ မဲပေးအတည်ပြု

သမ္မတ ထရမ့်အား အပြစ်ရှိကြောင်း စွဲဆိုရန် အောက်လွှတ်တော်မှာ မဲပေးအတည်ပြု

ဝါရှင်တန်၊ နိုဝင်ဘာ ၁ ။        ။ သမ္မတ ဒေါ်နယ်ထရမ့်အား အပြစ်ရှိကြောင်း စွဲဆိုရန် အောက်လွှတ်တော်မှာ ကြာသပတေးနေ့က တစ်ခဲနက် မဲပေးအတည်ပြုပြီးနောက် စုံစမ်းစစ်ဆေးမှု လုပ်ငန်းစဉ်ကို စတင်ပြီ ဖြစ်ပါတယ်။

“ဒီကနေ့မှာ အောက်လွှတ်တော်ဟာ သမ္မတ ထရမ့်အပေါ် အပြစ်ရှိကြောင်း စွဲဆိုမှုအတွက် စုံစမ်းစစ်ဆေးမှုကို စတင်ပြီ ဖြစ်ပါတယ်။ အောက်လွှတ်တော် စုံစမ်းစစ်ဆေးမှု ကော်မတီကနေ ကြားနာမှုတွေ စတင်လုပ်ဆောင်ပြီ ဖြစ်ပါတယ်။”လို့ မဲပေးမှုအပြီး အချိန်တိုအတွင်းမှာပဲ အောက်လွှတ်တော် ဥက္ကဋ္ဌ နန်စီပီလိုစီက ပြောပါတယ်။

သမ္မတ ထရမ့်အပေါ် အပြစ်ရှိကြောင်း စွဲဆိုဖို့ အောက်လွှတ်တော်မှာ ထောက်ခံမဲ ၂၃၂ မဲ၊ ကန့်ကွက်မဲ ၁၉၆ မဲနဲ့ အတည်ပြုလိုက်တာဟာ အထင်ကရ သမိုင်းတစ်ရပ်ပဲ ဖြစ်ပါတယ်။

သမ္မတ ထရမ့်ကတော့ ခုလို မဲပေးတာဟာ အမေရိကန် သမိုင်းမှာ အကြီးမားဆုံး မလိုသူကို ဖြုတ်ထုတ်ရှင်းလင်းမှုပဲလို့ ပြောပါတယ်။

သမ္မတ ထရမ့်ဟာ နိုင်ငံရေးပြိုင်ဖက် ဂျိုးဘိုင်ဒင်ကို အကျင့်ပျက်ခြစားမှုနဲ့ ပတ်သက်ပြီး ယူကရိန်းသမ္မတကို ဖုန်းပြောဆိုတိုက်တွန်းခဲ့တာအတွက် ခုလို အပြစ်ရှိကြောင်း စွဲဆိုဖို့ လုပ်ဆောင်လာတာ ဖြစ်ပါတယ်။

ဂျိုးဘိုင်ဒင်ရဲ့ သားဖြစ်သူဟာ ယူကရိန်းမှာ စီးပွားရေးလုပ်ငန်းတွေ လုပ်ဆောင်နေတာဖြစ်ပြီး အကျင့်ပျက်ခြစားမှုနဲ့ စုံစမ်းစစ်ဆေးပေးဖို့ ယူကရိန်းသမ္မတကို ထရမ့်က ဖိအားပေးခဲ့တာ ဖြစ်ပါတယ်။

Mizzima Key Campaign မှာ ပါဝင်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ Visit Our website: http://building.mizzimafoundation.org/

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly