အမြန်လမ်းတွင် ယာဉ်မတော်တဆမှုကြောင့် သေဆုံးသူ ယခင်လထက် နှစ်ဆနီးပါးမြင့်တက်

အမြန်လမ်းတွင် ယာဉ်မတော်တဆမှုကြောင့် သေဆုံးသူ ယခင်လထက် နှစ်ဆနီးပါးမြင့်တက်
Photo-EPA

ရန်ကုန်၊ အောက်တိုဘာ ၃၁ ။          ။  ယခုနှစ် အောက်တိုဘာလအတွင်း အမြန်လမ်း၌ ဖြစ်ပွားခဲ့သော ယာဉ်မတော်တဆမှုများတွင် သေဆုံးသူနှင့် ထိခိုက်သူဦးရေမှာ ပြီးခဲ့သည့်လထက် နှစ်ဆနီးပါးရှိလာသည်ဟု အမြန်လမ်းမကြီး ရဲတပ်ဖွဲ့ရုံးက သတင်းထုတ်သည်။

ပြီးခဲ့သည့် စက်တင်ဘာလအတွင်း ယာဉ်မတော်တဆမှု ၃၂ခု၊ သေဆုံးသူ ၈ဦးနှင့် ထိခိုက်ဒဏ်ရာရသူ ၇၁ဦးရှိခဲ့သော်လည်း ယခု အောက်တိုဘာလတွင် ၂၇ရက်နေ့အထိ ယာဉ်မတော်တဆမှု ၆၃ခု၊ သေဆုံးသူ ၁၅ဦးနှင့် ထိခိုက်ဒဏ်ရာရသူ ၁၃၀ ဦးအထိရှိခဲ့ခြင်း ဖြစ်သည်။

အမြန်လမ်းအား မော်တော်ယာဉ်အသုံးပြုမှုမှာ တစ်ရက်လျှင် ပျမ်းမျှ အစီး ၄၄၀၀ကျော်ရှိ၍ အောက်တိုလာလ တွင်မူ တစ်ရက်လျှင် ယာဉ်အစီးရေ ၇၇၀၀ နီးပါး အမြန်လမ်းကို အသုံးပြုကြောင်းသိရသည်။

" ထပ်တိုးသွားတဲ့ ယာဉ်အစီးရေ ၃၀၀၀ကျော်လောက်က နယ်တွေကပေါ့နော်။ အမြန်လမ်းကို အသုံးပြုမှုမရှိတဲ့ ယာဉ်မောင်းတွေပေါ့။ ပုံမှန်အသုံးပြုနေတဲ့ ယာဉ်မောင်းတွေမဟုတ်ဘူး။ သူတို့အမြန်လမ်းကို ရောက်လာတဲ့အခါ ကျတော့ သတ်မှတ်နှုန်းထက်ပိုပြီးတော့ မောင်းတယ်။ ယာဉ်မောင်းတွေက သူတို့အနားယူရမယ့်အချိန်မှာ ပြည့်ပြည့်ဝဝ အနားမယူဘဲနဲ့ မောင်းတာတွေကိုတွေ့ရတယ်။ ယာဉ်မတော်တဆမှုတွေကို ပြန်ကြည့်တဲ့အခါမှာ ယာဉ်မောင်းကြောင့်ဖြစ်တာတွေကို တွေ့ရတယ်" ဟု ရန်ကုန်-မန္တလေး အမြန်လမ်းတာဝန်ခံ အင်ဂျင်နီယာ တစ်ဦးက ပြောသည်။

အဆိုပါ ယာဉ်မတော်တဆမှုများ လျော့နည်းစေရန် မတော်တဆမှုဖြစ်နိုင်ချေရှိသည့်ေနရာများ၊ ဖြစ်ပွားခဲ့သည့် နေရာများတွင် ညဘက်၌မြင်ရစေရန် ရောင်ပြန်ဆိုင်းဘုတ်များ၊ ရောင်ပြန်မီးချောက်များ၊ အန္တရာယ်ရှိနိုင်သည့် နေရာသို့ မရောက်မီ တစ်ဖာလုံ နှစ်ဖာလုံအလို၌ ယာဉ်မောင်းသူကို သတိပေးတဲ့အချက်ပြစက်များအား တပ်ဆင်ထားကြောင်း သိရသည်။
 

Mizzima Key Campaign မှာ ပါဝင်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ Visit Our website: http://building.mizzimafoundation.org/

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly