ဝန်ကြီးများရုံးထဲမှာ အနှိပ်ခန်းဖွင့်လှစ်ထားတဲ့အပေါ် ပြည်သူတွေက ဘာတွေပြောနေကြသလဲ

31 October 2019
ဝန်ကြီးများရုံးထဲမှာ အနှိပ်ခန်းဖွင့်လှစ်ထားတဲ့အပေါ် ပြည်သူတွေက ဘာတွေပြောနေကြသလဲ

ရန်ကုန်မြို့ကဝန်ကြီးများရုံးမှာ ပြီးခဲ့တဲ့ အောက်တိုဘာ ၂၆ရက်က DE Beau Wellness Centre အမည်ရှိတဲ့ ကျန်းမာရေးစင်တာတစ်ခုကို ဖွင့်လှစ်ခဲ့ပါတယ်။ ဒီစင်တာနဲ့အတူ Spa အနှိပ်ခန်းတစ်ခုပါ ဖွင့်ထားတဲ့အတွက် မြို့နေပြည်သူတွေကြားမှာ ဝေဖန်အပြစ်တင်မှုတွေ များစွာ ထွက်ပေါ်နေပါတယ်။ ဝန်ကြီးများရုံးနေရာဟာ မြန်မာနိုင်ငံရဲ့ သမိုင်းဝင်အထင်ကရနေရာကြီးတစ်ခုဖြစ်ပြီး အခုလိုမျိုး Spa အနှိပ်ခန်း လာဖွင့်တဲ့အတွက် ပြည်သူတွေသာမက ရန်ကုန်တိုင်းဒေသကြီးအတွင်းက လွှတ်တော် ကိုယ်စားလှယ်တွေကပါ ဝေဖန်ရှုတ်ချမှုတွေ ရှိလာခဲ့ပါတယ်။ ဒီကိစ္စအတွက် တိုင်းလွှတ်တော်ကို တင်ပြပြီး ကန့်ကွက်မှုတွေ လုပ်ဖို့ အထိလည်း စီစဉ်နေကြပါတယ်။ အခုလို သမိုင်းဝင်အထင်ကရနေရာမှာ အနှိပ်ခန်းဖွင့်ထားတဲ့အပေါ် ပြည်သူတွေကရော ဘာတွေ ပြောနေကြသလဲ။ ရိုက်ကူးတည်းဖြတ် - လာဘ်ရတနာဗိုလ်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required