ဂျပန်နိုင်ငံ အိုကီနာဝါကျွန်းရှိ ကမ္ဘာ့ အမွေအနှစ်နေရာ ရှုရိ ရဲတိုက်မှာ မီးလောင်ကျွမ်းမှု ဖြစ်ပွား

ဂျပန်နိုင်ငံ အိုကီနာဝါကျွန်းရှိ ကမ္ဘာ့ အမွေအနှစ်နေရာ ရှုရိ ရဲတိုက်မှာ မီးလောင်ကျွမ်းမှု ဖြစ်ပွား

အောက်တိုဘာ ၃၁ ။        ။ ဂျပန်နိုင်ငံ အိုကီနာဝါကျွန်း တောင်ပိုင်း နာဟာမြို့က သမိုင်းဝင် ရဲတိုက်တစ်ခုမှာ အောက်တိုဘာ ၃၁ ရက် မနက်ပိုင်းက မီးအကြီးအကျယ် လောင်ကျွမ်းမှု ဖြစ်ပွားခဲ့ပါတယ်။

အဆိုပါ မီးလောင်ကျွမ်းမှုကတော့ ကမ္ဘာ့ အမွေအနှစ် စာရင်းဝင် နေရာရဲ့ အဆောက်အအုံကို ပြန့်နှံ့လောင်ကျွမ်းခဲ့တယ်လို့ ပြည်တွင်း အာဏာပိုင်တွေက ပြောပါတယ်။

မီးလောင်ကျွမ်းမှု ဖြစ်ပွားတဲ့ ရှုရိ ရဲတိုက်ကတော့ Rhukyu မင်းလက်ထက်ကတည်းက ရှိခဲ့တဲ့ အဓိက အဆောက်အအုံတစ်ခုရဲ့ အစိတ်အပိုင်းတစ်ခု ဖြစ်တယ်လို့ သိရပြီး လွန်ခဲ့တဲ့ ၁၄၀၀ ပြည့်နှစ်ဝန်းကျင်ကတည်းက အသုံးပြုခဲ့တယ်လို့ ယုံကြည်ရပါတယ်။

လက်ရှိ အဆောက်အအုံကတော့ အရင်က ရှိခဲ့တဲ့ ရဲတိုက်ဟောင်းရဲ့ ပုံတွေကို အခြေတည်ပြီး ပြန်လည်တည်ဆောက်ထားတာဖြစ်တယ်လို့ သိရပါတယ်။

မီးကတော့ ယင်းနေ့ မနက် ၃ နာရီလောက်မှာ စတင်လောင်ကျွမ်းခဲ့တာဖြစ်ပါတယ်။ ဘာကြောင့် လောင်ကျွမ်းရတာလဲ ဆိုတာကိုတော့ မသိရသေးပါဘူး။

“ မီးကတော့ အဓိက ကျောင်းဆောင်တစ်ခုမှာ စ လောင်ခဲ့တာပါ၊ ပြီးတော့ ကျန်တဲ့ အဓိက အဆောက်အအုံတွေကို မြန်မြန်ဆန်ဆန် ကူးစက်သွားတာပါ၊ ခုချိန်ထိ မီးသတ်သမားတွေ မီးငြိမ်းနေရဆဲပါ” လို့ အိုကီနာဝါ စီရင်စု ရဲတပ်ဖွဲ့ ပြောရေးဆိုခွင့် ရှိသူ အာယို ကိုချီက ပြောသွားပါတယ်။

“ ဒါက အိုကီနာဝါကို ကိုယ်စားပြုတဲ့ ကမ္ဘာ့ အမွေအနှစ် နေရာတစ်ခုပါ၊ တကယ့်ကို ကြီးမားတဲ့ ဆုံးရှုံးမှုတစ်ခုပါ၊ ခုဆို အနီးအနားမှာ နေကြတဲ့ နာဟာမြို့ခံတွေအတွက် စိတ်ပူနေရပါတယ်၊ မီးက အနီးအနား လူနေအိမ်တွေဘက် ကူးစက်နိုင်တယ်ဆိုတဲ့ သတင်းတွေလည်း ထွက်နေပါတယ်” လို့ ၎င်းက ပြောသွားပါတယ်။

 

Mizzima Key Campaign မှာ ပါဝင်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ Visit Our website: http://building.mizzimafoundation.org/

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly