မဲခေါင်မြစ်ရေ စိုးရိမ်ဖွယ် လယ်ဗယ်သို့ ကျဆင်း၊ သဲသောင်ခုံတွေလည်း ထွက်ပေါ်လာ

မဲခေါင်မြစ်ရေ စိုးရိမ်ဖွယ် လယ်ဗယ်သို့ ကျဆင်း၊ သဲသောင်ခုံတွေလည်း ထွက်ပေါ်လာ
Sand dunes are visible in many sections of the Mekong River in Nakhon Phanom as the water level drops to critical levels. (Photo by Pattanapong Sripiachai)

အောက်တိုဘာ ၃၀ ။         ။ အရှေ့တောင်အာရှ နိုင်ငံ အတော်များများရဲ့ အသက်သွေးကြောဖြစ်တဲ့ မဲခေါင်မြစ်ရေအမှတ်ဟာ ယခုအခါ စိုးရိမ်ဖွယ်ရာ ကောင်းတဲ့ လယ်ဗယ်တစ်ခုကို ကျဆင်းလာခဲ့ပြီး အောက်တိုဘာ ၂၉ ရက်မှာ ဆိုရင် ၁ ဒသမ ၅၀ မီတာသာ ရှိတော့တဲ့အထိ မှတ်တမ်းတင်သွားခဲ့ပါတယ်။ ဒါဟာ ယခင်ပြီးခဲ့တဲ့ နှစ်တွေနဲ့ ယှဉ်ရင် ပိုမို ကျဆင်းလာခြင်းလည်း ဖြစ်ပါတယ်။

အလားတူ မြစ်အတွင်း ရေလမ်းကြောင်း အပိုင်းနေရာ အများအပြားတစ်လျှောက်မှာလည်း ယခုအခါ သဲသောင်ကျွန်းတွေ ထွက်ပေါ်လာနေလျက်ရှိပါတယ်။

မိုးရေချိန် နည်းပါးခြင်းကလည်း နခွန်ဖနွန် ခရိုင်အတွင်း ရေလှောင်ကန်အတော်များများမှာ ယင်းတို့ရဲ့ သိုလှောင်နိုင်မှု ပမာဏရဲ့ ၂၀-၃၀ ရာခိုင်နှုန်းလောက်သာ ရှိတော့တဲ့အခြေအနေကို ဆိုက်ရောက်ထားစေခဲ့ပါတယ်။

ဒါ့အပြင် မဲခေါင်မြစ်ရဲ့ မြစ်လက်တက်တွေဟာလည်း ခြောက်ခန်းလာနေပြီဖြစ်ကြောင်း ပြည်တွင်းမီဒီယာတွေမှာ ဖော်ပြပါတယ်။

ရေလယ်ဗယ် ကျဆင်းလာတာနဲ့အတူ မြစ်ကြမ်းပြင် သဲခုံတွေဟာလည်း မူအန် ခရိုင်ရှိ မဲခေါင်မြစ် နေရာ အတော်များများမှာ ပေါ်ထွက်လာခဲ့ပါတယ်။

ယင်းအတွက်ကြောင့် ကုန်သင်္ဘောတွေ၊ အခြား ငါးဖမ်းရေယာဉ်တွေ ခုတ်မောင်းမှုအတွက် အခက်တွေ့မှုတွေ ရှိလာစေခဲ့ပါတယ်။

နခွန်ဖနွန် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ကလပ်က ဥက္ကဌ အသက် ၆၅ နှစ်ရှိ အာသစ်တ် ဖာနာဆွန်းရဲ့ အဆိုအရ မဲခေါင်မြစ်ဟာ နှစ်ပေါင်း ၁၀၀ နီးပါးအတွင်း အနိမ့်ဆုံးသော လယ်ဗယ်ကို ရောက်နေတယ်လို့ သိရပါတယ်။

ဒါဟာ ဒီပြဿနာကို ဖြစ်ပေါ်စေတဲ့ အဓိကအကြောင်းရင်းတွေကတော့ တရုတ်နဲ့ လာအို တို့မှာ ရှိတဲ့ ဆည်တည်ဆောက်မှုတွေကြောင့် ဖြစ်တယ်လို့  သုတေသန လေ့လာချက်တွေ ကို ကိုးကားပြီး ၎င်းက ပြောဆိုသွားခဲ့ပါသေးတယ်။

ယခုအနေအထားအရ မြစ်ရဲ့ ဂေဟစနစ်ဟာ ဆိုးဆိုးဝါးဝါး ထိခိုက်သွားဖို့ ရှိနေပြီဖြစ်ကြောင်း၊ ငါးတွေဆိုရင်လည်း သားပေါက်ဖို့အတွက် မြစ်ညာဘက်ကို ဆန်တက်နိုင်ခြင်း မရှိတော့ကြောင်း၊ တံငါသည်တွေရဲ့ စားဝတ်နေရေးတွေလည်း ထိခိုက်ဖို့ ရှိနေကြောင်း မစ္စတာ အာသစ်တ်က ပြောသွားပါတယ်။
Mizzima Key Campaign မှာ ပါဝင်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ Visit Our website: http://building.mizzimafoundation.org/

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly