ဆီးရီးယားနိုင်ငံတွင် လေကြောင်းထိုးစစ်များအတွင်း အိုင်အက်စ်အင်အား အနည်းဆုံး ၄၀ အား သုတ်သင်လိုက်နိုင်ကြောင်း ဗြိတိန်အခြေစိုက် စောင့်ကြည့်ရေးအဖွဲ့က ပြောသည်။
ဟမ်မားပြည်နယ်တွင် စစ်ယာဉ်တန်း ၁၆ စီးအား ထိမှန်ခြင်းဖြစ်ကြောင်း ဆီးရီးယားလူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့က ပြောသည်။
ယာဉ်တန်းအားတိုက်ခိုက်ခဲ့သည့် လေယာဉ်သည် ရုရှသို့မဟုတ် ဆီးရီးယားဖက်ကဖြစ်ပြီး အမေရိကန်ဦးဆောင်သည့် ညွန့်ပေါင်းတပ်ဖွဲ့များဖက်က မဟုတ်ကြောင်း ယင်းအဖွဲ့ခေါင်းဆောင်က ပြောသည်။
ပစ်ခတ်မှုဖြစ်ပွားရာနေရာတွင် မီးလောင်ကျွမ်းနေသည့် တိုက်ခိုက်ရေးသမားများ၏ အလောင်းကို တွေ့ရကြောင်း ရာမီရက်မန်းက အေအက်ဖ်ပီသို့ ပြောသည်။
အိုင်အက်စ်လက်အောက်ရောက်နေသည့် ရာကာသို့ ယင်းယာဉ်တန်းက ဦးတည်သွားစဉ် တိုက်ခိုက်ခံလိုက်ရခြင်းဖြစ်သည်ဟု မြေပြင်သတင်းရင်းမြစ်ကွန်ရက်များထားကာ ဆီးရီးယားပဋိပက္ခ အားစောင့်ကြည့်သည့် ယင်းအဖွဲ့က ပြောခဲ့သည်။
ရုရှနိုင်ငံက ဆီးရီးယားစစ်ပွဲတွင် ပြီးခဲ့သည့် လကုန်ပိုင်းတွင် စတင်ပါဝင်လာခြင်းဖြစ်ပြီး အိုင်အက်စ်နှင့် ဆီးရီးယားသမ္မတအာဆတ်အား ဆန့်ကျင်တိုက်ခိုက်နေသည့် စစ်သွေးကြွအုပ်စုများကို တိုက်ခိုက်ရန် ပစ်မှတ်ထားသည်ဟု ကြေညာထားသည်။
ကိုယ်ပိုင်လေကြောင်းထိုးစစ်များဆင်နွှဲနေသည့် အမေရိကန်ဦးဆောင်သောညွန့်ပေါင်းတပ်များက ရုရှတို့နှင့် စစ်ဆင်ရေးများ ပူးပေါင်းဆောင်ရွက်မည်မဟုတ်ကြောင်း ပြောကြားထားသည်။
Ref ; BBC