ရန်ကုန်တိုင်း အရပ်ဘက် အဖွဲ့အစည်းများ ကွန်ရက် လုပ်ငန်းလမ်းညွှန် ပြင်ဆင်ထပ်မံဖြည့်စွက်မည်

29 October 2019
ရန်ကုန်တိုင်း အရပ်ဘက် အဖွဲ့အစည်းများ ကွန်ရက် လုပ်ငန်းလမ်းညွှန် ပြင်ဆင်ထပ်မံဖြည့်စွက်မည်

ရန်ကုန်တိုင်း အရပ်ဘက် အဖွဲ့အစည်းများ ကွန်ရက် လုပ်ငန်းလမ်းညွှန် ပြင်ဆင်ထပ်မံဖြည့်စွက်မည်
***************************
ရန်ကုန်တိုင်း အရပ်ဘက်အဖွဲ့အစည်းများကွန်ရက် လုပ်ငန်းလမ်းညွှန်ကို ပြင်ဆင် ထပ်မံဖြည့်စွက်သွားမှာ ဖြစ်တယ်လို့ ရန်ကုန်တိုင်း အရပ်ဖက်အဖွဲ့အစည်းများ ကွန်ယက်ညီလာခံကနေ သိရပါတယ်။
အောက်တိုဘာ ၂၉ရက်နေ့ရန်ကုန်မြို့ City Hotel မှာ ရန်ကုန်တိုင်း အရပ်ဖက် အဖွဲ့ အစည်များ ကွန်ယက်ပြန်လည် ဖွဲ့စည်းဖို့အတွက် ညီလာခံတစ်ခု ပြုလုပ်ခဲ့တာပါ။

ရန်ကုန်တိုင်း အရပ်ဘက်အဖွဲ့အစည်းများကွန်ရက် ကလူမှုစီးပွားရပိုင်ခွင့်နဲ့ပြည်သူ့အခွင့်အရေး ကာကွယ်မြှင့်တင် ဖို့အတွက် ရန်ကုန်တိုင်းဒေသကြီး အတွင်းမှာရှိတဲ့ အရပ်ဘက်အဖွဲ့အစည်းတွေ စုပေါင်း ဖွဲ့စည်းထားတဲ့ ကွန်ရက် တစ်ခုဖြစ်ပါတယ်။ ဒီကွန်ရက်ကိုအောက်တိုဘာလ၂၉ရက်နေ့မှာ ပြန်လည်ဖွဲ့စည်းပြီး ပြန်လည်ရွေးကောက် တင် မြှောက်သွားမှာပဲ ဖြစ်ပါတယ်။
ရိုက်ကူးတည်းဖြတ် - စိုးချစ်ချစ်ပိုင်

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly