တစ်ဧက တင်း၁၈၀ ထွက်ရှိနိုင်သည့် စပ်မျိုးစပါးများ ဖြန့်ဖြူးပေးမည်

တစ်ဧက တင်း၁၈၀ ထွက်ရှိနိုင်သည့် စပ်မျိုးစပါးများ ဖြန့်ဖြူးပေးမည်

တစ်ဧက တင်း ၁၈၀ ထွက်ရှိသည့် အထူးအထွက်တိုးစပ်မျိုးစပါးအား ရယူလိုသူများကို တောင်သူများ၊ အစုအဖွဲ့များနှင့် ပူးပေါင်းကာ စိုက်ပျိုး ထုတ်လုပ်ဖြန့် ဝေပေးသွားမည်ဖြစ် ကြောင်း ဂရိတ်ဝေါလ် ကုမ္ပဏီထံကသိရသည်။

အထွက်တိုးစပ်မျိုးစပါး GW -1 မှာ သက်တမ်းအားဖြင့် ၁၀၅ရက်မှ ၁၂၀ရှိပြီး အပင်အမြင့် သုံးပေခြောက်လက်မခန့်ထိ ကြီးထွားသည်။ မျှမ်းမျှပင်ပွားနှုန်းမှာ ၁၂ပင်အထက်ရှိကာ တစ်နှံပါသီးလုံးမှာ ၁၆၁စေ့အထက်ရှိပြီး ဆန်ကြမ်းအထွက်နှုန်း ၇၈ဒဿမရရာခိုင်နှုန်းနှင့် ဆန်အချောထွက်နှုန်း ၅၄ဒဿမ၅ ရာခိုင်နှုန်းရှိကြောင်းသိရသည်။

`` အခုထုတ်လုပ်လိုက်တဲ့ GW-1 စပ်မျိုးစပါးက မျိုးစေ့မှတ်ပုံတင်ရရှိခဲ့ပြီးဖြစ်ပါတယ်၊ မျိုးစေ့အရည်အသွေးအာ မခံချက်အဖြစ် မျိုးစေ့မှန်ကန်မှု ၉၆ရာခိုင်နှုန်းအထက်၊ မျိုးစေ့သန့်စင်မှု ၉၈ရာခိုင်နှုန်း၊ အပင်ပေါက်နှုန်း ၈၀ ရာ ခိုင်နှုန်းအထက်နဲ့ အစိုဒဏ်ပါဝင်မှု ၁၃ရာခိုင်နှုန်းအောက်စံနှုန်းတွေနဲ့လုပ်ဆောင်ထားပါတယ်၊``ဟု အဆိုပါကုမ္ပဏီ၏ ဒါရိုက်တာ ဦးတင်မောင်ကပြောသည်။

ယခုအထူးအထွက်တိုးစပါးအား စိုက်ပျိုးရေးသုတေသနဌာန၊ စပါးသီးနှံဌာနခွဲက လေ့လာမှုများပြုလုပ်ခဲ့ပြီး တင်း ၁၈၀ခန့်ထိထွက်ရှိသည့် စပါးမျိုးဖြစ်ကြောင်လည်း စမ်းသပ်ထားရှိပြီဖြစ်ကြောင်းသိရသည်။

`` ကျွန်မတို့ သူတို့စိုက်ပျိုးမှုပြုလုပ်ထားတဲ့ ဧရာဝတီတိုင်းအထိ သွားရောက်ကြည့်ရှုခဲ့ပြီဖြစ်ပါတယ်၊ အထူးအ ထွက်တိုးစပ်မျိုးစပါးက တင်း ၁၈၀ကနေ ၁၉၀ အထိ ထွက်ရှိပါတယ်၊ စိုက်ပျိုးတောင်သူတွေအနေနဲ့ အကျိုးရှိပါတယ်၊ ဘာကြောင့်လည်းဆိုတော့ သက်တမ်းတိုတယ်၊ ရေသုံးစွဲမှုနည်းတယ်၊ သုံးလ၊ သုံးလခွဲနဲ့ စပါးပြန်ပေါ်တယ်၊`` ဟု စပါးသုတေသနဌာနခွဲ၊ ညွှန်ကြားရေးမှူး ဒေါ်မွှေးမွှေးကပြောသည်။

ယခုထုတ်လုပ်လိုက်သော စပါးမျိုးများအား ကုမ္ပဏီအနေဖြင့် အလွယ်တကူဝယ်ယူရရှိစေရန် သက်ဆိုင်ရာရုံးခွဲ များတွင် ရောင်းချပေးလျက်ရှိကြောင်း၊ မြို့နယ်အလိုက် ကိုယ်စားလှယ်များထံမှ တဆင့် ဝယ်ယူနိုင်ရန် စီစဉ်ထားရှိ ကြောင်းနှင့် ဆက်လက်၍ GW-2, GW-3, GW-11 မျိုးများကို စမ်းသပ်ထုတ်လုပ်နိုင်ခဲ့ပြီဖြစ်၍ မှတ်ပုံတင်ရရှိရန် တင်ပြထားကြောင်းသိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly