မကွေးပြည်သူ့ဆေးရုံကြီးမှ ငါးထပ်ဆေးကုသဆောင် ရာခိုင်နှုန်းပြည့် ပြီးစီး

မကွေးပြည်သူ့ဆေးရုံကြီးမှ ငါးထပ်ဆေးကုသဆောင် ရာခိုင်နှုန်းပြည့် ပြီးစီး

မကွေးတိုင်းဒေသကြီး ပြည်သူ့ဆေးရုံကြီးအတွင်းဆောက်လုပ်နေသည့် ငါးထပ်ဆေးကုသဆောင် သည် ရာခိုင်နှုန်းပြည့် ပြီးစီးပြီဖြစ်ကြောင်း ဆေးရုံအုပ်ကြီးဒေါက်တာမြတ်စိုး ကပြောသည်။

အဆိုပါ ငါးထပ်ဆေးကုသဆောင်ကို ၂၀၁၇ခုနှစ်မှ စတင်ကာ ပြည်သူ့ဆောက်လုပ်ရေးလုပ်ငန်းမှ တာဝန်ယူ ဆောက်လုပ်ခြင်းဖြစ်ပြီး ဘတ်ဂျက်သုံးကြိမ်ခွဲပြီးဆောင်ရွက်နေကြောင်း ဒေါက်တာမြစိုးကပြောသည်။

အဆိုပါငါးထပ်ဆေးကုသဆောင်ကြီးမှာ ကုတင်၁၄၀ဆန့်ဖြစ်ပြီး အဆောက်အဦးတွင် ပြင်ပလူနာဌာန ၊မူခင်းဆေးပညာဌာန၊ သွားဘက်ဆိုင်ရာဌာန၊ ဓါတ်ခွဲဌာန၊ ရောဂါဗေဒဌာန၊အနုဇီဝဌာန ၊ ဘွဲ့လွန်ဆေးကျောင်းသားများကို သင်ကြားပေးမည့် အစီအစဉ်များ၊ အထူးကု ဆရာဝန်ကြီးများနှင့် သူနာပြုများနားနေအခန်းများလည်း ပါရှိကြောင်း သိရသည်။

ဆေးကုသဆောင်အနေနှင့် ဖျားနာဆေးကုသဆောင်၊ စိတ်ကျန်းမာရေးဆေးကုသဆောင်၊ ဦးနောက်နှင့် အာရုံကြောဆေးကုသဆောင်၊ နှလုံရောဂါဆေးကုသဆောင်များပါရှိကြောင်း ဒေါက်တာမြစိုးပြောပြချက်အရ သိရသည်။

“၂၀၂၀ နှစ်ကုန်ပိုင်းလောက်မှာ ငါးထပ်ဆေးကုသဆောင်ပေါ်မှ ဆေးကုသပေးမှုတွေ ဆောင်ရွက်ပေးနိုင်မှာပါ “ဟု မကွေးတိုင်းပြည်သူ့ဆေးရုံကြီးမှ ဆေးရုံအုပ်ကြီးဒေါက်တာမြတ်စိုးကပြောသည်။

အဆိုပါငါးထပ်ဆေးကုသဆောင်အတွက် ပြည်ထောင်စုဘတ်ဂျက်မှ ၂၀၁၇-၂၀၁၈ဘဏ္ဍာနှစ်တွင် ကျပ်သန်း၁၀၀၀ ၊ ၂၀၁၈-၂၀၁၉ဘတ်ဂျက်တွင် ကျပ်သန်းရ၀၀နှင့် ၂၀၁၉-၂၀၂၀ခုနှစ်အတွက် ဘတ်ဂျက် မည်မျှရမည်ကို မသိသေးကြောင်း ဆေးရုံအုပ်ကြီးက ဆိုသည်။
လက်ရှိ မကွေးတိုင်းပြည်သူ့ဆေးရုံကြီးတွင် ကုတင်၂၀၀ဆံ့ ဖွဲ့စည်းပုံဖြစ်သော်လည်း တစ်နေ့လျှင် လူနာ ငါးရာဝန်းကျင်ရှိနေရာ အသစ်ဆောက်လုပ်နေသည့် ငါးထပ်ဆေးကုသဆောင်နှင့် ဂျပန်နိုင်ငံက လှူဒါန်းသည့် မိခင်နှင့်ကလေးဆေးကုသဆောင်များ ပြီးစီးသွားပါက လူနာစုစုပေါင်း၆၀၀ခန့်ကို နေ့စဉ်ကုသပေးနိုင်မည်ဟု ဆေးရုံအုပ်ကြီး ဒေါက်တာမြတ်စိုးက ပြောသည်။
Mizzima Key Campaign မှာ ပါဝင်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ Visit Our website: http://building.mizzimafoundation.org/

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly