ဒေဝါလီပွဲ တစ်စိတ်တစ်ဒေသအဖြစ် ကျင်းပတဲ့ ခွေးတွေကို အလေးအမြတ်ထားတဲ့ နီပေါက တီဟာပွဲတော်

ဒေဝါလီပွဲ တစ်စိတ်တစ်ဒေသအဖြစ် ကျင်းပတဲ့ ခွေးတွေကို အလေးအမြတ်ထားတဲ့ နီပေါက တီဟာပွဲတော်

ခတ္တမန္ဒူ၊ အောက်တိုဘာ ၂၈ ။     ။ နီပေါနိုင်ငံမှာ လက်နက်ကိုင် ရဲတပ်ဖွဲ့မှ ခွေးထိန်းရဲသားတွေနဲ့ သူတို့ရဲ့ ရဲခွေးတွေဟာ လေ့ကျင့်ရေးသင်တန်းကျောင်း တစ်ခုမှာ ကျင်းပပြုလုပ်တဲ့ ပွဲတော်တစ်ခုဆီ တက်ရောက်လာပါတယ်။

အဲဒီ ပွဲတော်ကတော့ ဒေဝါလီပွဲတော်ရဲ့ တစ်စိတ်တစ်ပိုင်းဖြစ်တဲ့ ခွေးတွေကို အလေးအမြတ်ထားရာ နေ့အဖြစ် ခတ္တမန္ဒူမြို့တော်မှာ ကျင်းပတဲ့ တီဟာပွဲတော်ပဲ ဖြစ်ပါတယ်။

နီပေါ လက်နက်ကိုင် ရဲတပ်ဖွဲ့မှာ German Shepherd၊ Labrador၊ retriever၊ Cocker Spaniel နဲ့ Belgian Malinois ခွေမျိုးစိတ်စုံ စုစုပေါင်း ၃၃ ကောင် ရှိထားပါတယ်။

အဲဒီ ခွေးတွေကို လက်နက်နဲ့ ဖောက်ခွဲရေး ပစ္စည်းတွေ ရှာဖွေရာမှာ သုံးသလို မူးယစ်ဆေးဝါး အနံ့ခံတာနဲ့ ကယ်ဆယ်ရေးအော်ပရေးရှင်းတွေမှာလည်း သုံးတာ ဖြစ်ပါတယ်။

အခု ခွေးတွေကို အလေးထားတဲ့ တီဟာပွဲတော်ဟာဆိုရင် အောက်တိုဘာ ၂၇ ရက်က စတင်ပြီး ငါးရက်ကြာ ကျင်းပတဲ့ နီပေါ ဟိန္ဒူတွေရဲ့ ဒုတိယအကြီးဆုံး ပွဲတော်တစ်ရပ်လည်း ဖြစ်ပါတယ်။

ဒီကနေ့ ပွဲတော် ဒုတိယနေ့မှာတော့ လူတွေဟာ ခွေးတွေကို အလေးထားဂရုတစိုက်ပြုပြီး လူတွေရဲ့ အကောင်းဆုံး မိတ်ဆွေ ခွေးတွေအတွက် ဆုတောင်းမှုတွေ ပြုလုပ်ကြတာပဲ ဖြစ်ပါတယ်။

Mizzima Key Campaign မှာ ပါဝင်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ Visit Our website: http://building.mizzimafoundation.org/

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly