မဟာမုနိဘုရားကြီးတွင် ပန်းပွင့်ပေါင်းရှစ်သိန်းကျော်ဖြင့် လှူဒါန်းပူဇော်သွားမည်

မဟာမုနိဘုရားကြီးတွင် ပန်းပွင့်ပေါင်းရှစ်သိန်းကျော်ဖြင့် လှူဒါန်းပူဇော်သွားမည်

အောက်တိုဘာ ၂၈ မန္တလေး ။       ။ မဟာမုနိဘုရားကြီး ရုပ်ရှင်တော်တွင် ပန်းမွေ့ရာရွှေကောဇောလှူဒါန်းပူဇော်ခြင်းအား နိုဝင်ဘာ ၁၈ရက်နေ့တွင် ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း ဘုရားဂေါပကအဖွဲ့ထံကသိရသည်။

`` Strategy First University ကေန မဟာမုနိဘုရားကြီးမှာ ပန်းပွင့်ပေါင်းရှစ်သိန်းကျော်ပါဝင်တဲ့ ပန်းမွေ့ရာရွှေ ကောဇောကပ်လှူချင်တယ်ဆိုပြီး ဂေါပကအဖွဲ့ထံကို တင်ပြခဲ့ပါတယ်၊ အဲဒီအတွက်
ခွင့်ပြုချက်လည်းပေးပြီး ဖြစ်ပါတယ်၊  နိုဝင်ဘာ ၁၈ရက်နေ့မှ ကပ်လှူပူဇော်သွားမှာဖြစ်ပါတယ်``ဟု ဂေါပကအဖွဲ့ အတွင်းရေးမှူး ဦးကျော်ကျော်ဦး ကပြောသည်။


ပန်းမွေ့ရာရွှေကောဇောအား မဟာမုနိရုပ်ရှင်တော်မြတ်၏ အနောက်တောင်ရင်ပြင်တော်၌ ပန်းပွင့်ပေါင်းရှစ် သိန်းနှင့် ဆယ်သိန်းကြားရှိသည့် ပန်းပွင့်များနှင့် စီခြယ်ထားသည့် သာသနာ့အလံတော်၊ ပဌန်းစက်ဝိုင်းနှင့် မဂ္ဂင် ရှစ်ပါးစက်ဝိုင်း၊ ပန်းစေတီတော်များကို  ပြုလုပ်ကာ ပူဇော်သွားမည်ဖြစ်သည်။

ပန်းမွှေ့ယာရွှေကောဇောပူဇော်ခြင်းအပြင် ဆီမီးပူဇော်မှုများ၊ ပဌန်းအကျယ်နှင့် ပရိတ်တော်များရွက် ဆိုပူဇော်ကာ အမျှပေးဝေမှုများကိုလည်းဆောင်ရွက်သွားမည်ဖြစ်သည်။

ယခုပြုလုပ်သည့် Strategy First University မှ မြန်မာနိုင်ငံအတွင်းရှိ တန်းခိုးကြီးဘုရားစေတီများဖြစ်သည့် ရွှေတိဂုံစေတီတော်၊ ဆံတော်ရှင်ကျိုက်ထီးရိုးစေတီတော်တို့တွင် လှူဒါန်းပူဇော်ခဲ့ပြီး
ယခုတတိယအကြိမ်အဖြစ် မဟာမုနိရုပ်ရှင်တော်တွင် လှူဒါန်းမှုပြုလုပ်ခဲ့ခြင်းဖြစ်သည်။

Mizzima Key Campaign မှာ ပါဝင်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ Visit Our website: http://building.mizzimafoundation.org/

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly