ချီလီသမ္မတက အစိုးရအဖွဲ့ဝင် ဝန်ကြီးအားလုံးကို အလုပ်ထွက်ခိုင်း

ချီလီသမ္မတက အစိုးရအဖွဲ့ဝင် ဝန်ကြီးအားလုံးကို အလုပ်ထွက်ခိုင်း

အောက်တိုဘာ ၂၇ ။         ။ လက်ရှိ အစိုးရအဖွဲ့ဝင် ဝန်ကြီးအားလုံး အလုပ်ထွက်ကြဖို့ ချီလီ သမ္မတ ဆီဘတ်ရှန် ပီညဲရားက အမိန့်ပေးခဲ့တယ်လို့ ဆိုပါတယ်။

 ဒါဟာ ယင်းနိုင်ငံမှာ ဆန္ဒပြပွဲတွေနဲ့အတူ မငြိမ်မသက်မှုတွေ ဖြစ်ပေါ်နေချိန် ၎င်းရဲ့ အစိုးရအဖွဲ့ကို အသစ်ပြန်လည် ဖွဲ့စည်းဖို့ သမ္မတ ပီညဲရားက စီစဉ်လာခြင်း ဖြစ်တယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာ ၂၆ ရက်က အရေးကြီး ရုပ်သံ မိန့်ခွန်းတစ်ရပ်မှာ အထက်ပါ ကြေညာချက်ကို သမ္မတ ပီညဲရားက ထုတ်ပြန်သွားတာဖြစ်ပါတယ်။

ရက်များစွာကြာ ဆန္ဒပြပွဲတွေက နိုင်ငံကို ထိခိုက်ထားစေခဲ့တဲ့အတွက် ခုလို အစိုးရအဖွဲ့သစ် ဖွဲ့စည်းဖို့ လိုတယ်လို့ ၎င်းက ပြောပါတယ်။

အစိုးရအဖွဲ့သစ်ကို ဘယ်လိုဘယ်ပုံစံ ဖွဲ့စည်းမလဲ ဆိုတာကိုတော့ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။

ပြီးခဲ့တဲ့ အောက်တိုဘာ ၂၅ ရက်မှာသော မြို့တော် ဆန်တီယာဂိုမှာ ပြည်သူ တစ်သန်းကျော်ဟာ ငြိမ်းချမ်းစွာ စုဝေးမှုကြီးတစ်ရပ် လုပ်ခဲ့ပြီး လူမှုဆိုင်ရာ တရားမျှတမှုအတွက် တောင်းဆိုခဲ့ကြပါတယ်။

အလားတူ နိုင်ငံတစ်ဝန်း မြို့ကြီးတွေမှာ ပြီးခဲ့တဲ့ သီတင်းပတ်တစ်ပတ်ကျော်ကြာ ထုတ်ပြန်ထားတဲ့ ကာဖျူးအမိန့်တစ်ရပ်ကိုလည်း ပြန်ရုပ်သိမ်းကြောင်း သမ္မတ ပီညဲရားက ကြေညာခဲ့ပါတယ်။

Mizzima Key Campaign မှာ ပါဝင်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ Visit Our website: http://building.mizzimafoundation.org/

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly