မန္တလေး၊ အောက်တိုဘာ ၂၅ ။ ။ မန္တလေးမြို့တွင် ယာဉ်ကြောမပိတ်ဆို့ရေးနှင့်ယာဉ်စည်းကမ်း၊လမ်းစည်းကမ်းများ လိုက်နာရေး အတွက်ထိန်းသိမ်းဆောင်ရွက်မှုများကို တစ်နှစ်ထက်တစ်နှစ် ပိုမိုဆောင်ရွက်လျက်ရှိသည်ဟု မြို့တော်ဝန် ဒေါက်တာရဲလွင်က မဇ္ဈိမကိုပြောသည်။
"မန္တလေးမြို့တော် စည်ပင်သာယာရေးကော်အတီအနေနဲ့ပေါ့နော်။ကျွန်တော့်ဝန်ထမ်းတွေရော အကုန်လုံး ယာဉ်စည်းကမ်းလမ်းစည်းကမ်းထိန်းသိမ်းရေးအပိုင်မှာ တစ်နှစ်ထက်တစ်နှစ်ပိုပြီးတော့ ကျွန်တော်တို့က ကြိုးစားဆောင်ရွက်နေပါတယ်။"ဟု ဒေါက်တာရဲလွင်က ပြောသည်။
မန္တလေးမြို့တွင် ယာဉ်ကြောမပိတ်ဆို့ရေးအတွက် လမ်းများချဲ့ထွင်းခင်းပေးခြင်း မြို့ပြင်လမ်းများကို ခင်းပေးခြင်း ယာဉ်ကြောပိတ်ဆို့တတ်သည့်နေရာများတွင် အဆင့်မြင့် မီးပွိုင့်များ တပ်ဆင်ပေးခြင်းတို့ကို ဆောင်ရွက်လျှက်ရှိကြောင်း သိရသည်။
"ကျွန်တော်တို့ ဘယ်လောက်ပဲ လမ်းချဲ့ချဲ့ဘယ်လောက်ပဲ ယာဉ်ကြောပိတ်ဆို့မှု မဖြစ်အောင် လုပ်လုပ်။ လိုက်နာမှုလိုပါတယ်။"ဟု ဒေါက်တာရဲလွင်ကပြောသည်။
ယာဉ်ကြောမပိတ်ဆို့ရေးနှင့် စည်းကမ်းပျက်ယာဉ်များ ထိန်းသိမ်းအရေးယူနိုင်ရေးအတွက်လည်း သက်ဆိုင်ရာအဖွဲ့အစည်းများဖြင့် လစဉ်ဆွေနွေး ညှိနှိုင်းမှုများ လုပ်ဆောင်နေသည်ဟု သူကဆက်ပြောသည်။
လက်ရှိတွင် မန္တလေးမြို့တော်စည်ပင်သာယာရေး ကော်မတီအနေဖြင့် စည်းကမ်းပျက်ယာဉ်များကို စောင့်ကြည့်အရေးယူခြင်းနှင့်ရွှေ့လျားအဖွဲ့များဖြင့် အရေးယူခြင်းတို့ကို ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။
Mizzima Key Campaign မှာ ပါဝင်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ Visit Our website: http://building.mizzimafoundation.org/