ဘီဘီစီကိုမြန်မာနိုင်ငံတွင် နားဆင်ကြည့်ရှုသူတိုးလာသည့်အတွက် အားရသည်ဟုဆို

ဘီဘီစီကိုမြန်မာနိုင်ငံတွင် နားဆင်ကြည့်ရှုသူတိုးလာသည့်အတွက် အားရသည်ဟုဆို

ဘီဘီစီမြန်မာပိုင်းမှတင်ဆက်နေေသာ အစီအစဉ်များကို နားဆင်ကြည့်ရှုလိုသူများ တိုးပွားလာခြင်းကိုကြိုဆိုလိုက်ပြီး မြန်မာနိုင်ငံတွင်းမှ ပရိသတ်များအတွက် ထုတ်လွှင့်တင်ဆက်မှုများကို  အားသွန်ခွန်စိုက် ပြုလုပ်သွား ရန်အန္နိဋ္ဌာန် ချထားသည်ဟု ဘီဘီစီသတင်းညွှန်ကြားရေးမှူးလည်းဖြစ် ဘီဘီစီ၏ နိုင်ငံတကာဖွံ့ဖြိုးတိုးတက်ရေးပရိဟိတအဖွဲ့ဖြစ်သောဘီဘီစီမီဒီယာအက်ရှင်၏ ဦးဆောင်ဘုတ်အဖွဲ့ ဥက္ကဋ္ဌဖြစ်သူ ဖရန်အန့်စဝပ်က မြန်မာနိုင်ငံခရီးစဉ်တွင် ပြော ကြားလိုက်သည်။

ဖရန်အန့်စဝပ်က “ မြန်မာနိုင်ငံမှ ပရိသတ်များအတွက် လိုအပ်သောသတင်းအချက်အလက်များကိုဆယ်စုနှစ်ပေါင်းများစွာရေဒီယိုအစီအစဉ်များမှ ပံ့ပိုးဝေမျှပေးနေသောလူထုအတွက် လိုအပ်သည့် သတင်းဌာနဖြစ်ခဲ့သည့် ဘီဘီစီသည် ပြည်တွင်းမှ လူထုသန်းပေါင်းများစွာအတွက် ယုံကြည်စိတ်ချရသောသတင်းရင်းမြစ်တစ်ခုအဖြစ် ဆက်လက်ရပ်တည်နေဆဲဖြစ်သည်။ ဘီဘီစီမြန်မာပိုင်းအစီအစဉ်ကဦးဆောင်ပြီးဘီဘီစီ၏ နိုင်ငံတကာ ဖွံ့ဖြိုးမှုပရဟိတအဖွဲ့ဘီဘီစီမီဒီယာအက်ရှင်က ပူးပေါင်းတင်ဆက်ပေးနေသောအစီအစဉ်များသည် ပြည်တွင်းမှ လူတစ်ဦးချင်စီနှင့် လူထုအဖွဲ့အစည်းများဆီကိုပါ ရောက်ရှိပြီး ပြည်သူလူထုအား အသိပညာပြည့်ဝသည့် နိုင်ငံသားများအဖြစ် ဒီမိုကရေစီလုပ်ငန်းစဉ်တွင် ပါဝင်နိုင်နိုင်ရေးအတွက် ကူညီအထောက်အကူပေးနေသည်”ဟု ပြောသည်။

ဘီဘီစီ၏ ထုတ်လွှင့်တင်ဆက်မှုများကိုရေဒီယို၊ ရုပ်မြင်သံကြားနှင့် ဒစ်ဂျစ်တယ်အွန်လိုင်းတို့မှ ရယူကြည့်ရှုနားဆင်သူတစ်ပတ်လျှင် ၇ ဒသမ ၃ သန်းရှိနေသည်။ နောက်ဆုံးပြုလုပ်ခဲ့သည့် သုတေသနစစ်တမ်းအရဘီဘီစီ မြန်မာပိုင်းမှ ထုတ်လွှင့် ဆက်ဆက်နေသောသတင်းများ၊ အစီအစဉ်များကိုအထူးသဖြင့် ဒစ်ဂျစ်တယ်ပလက်ဖောင်းများတွင် လူကြိုက်များလျှက် ပိုမိုတိုးတက်ရယူလာကြသည်ကိုတွေ့ရပြီးဘီဘီစီသည် ပရိသတ်များကယုံ ကြည်လက်ခံထားသည့် သတင်းအရင်းအမြစ်အဖြစ် တည်ရှိနေကြောင်း သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

BBC ၏ နိုင်ငံတကာဖွံ့ဖြိုးရေးအဖွဲ့အစည်းတစ်ခုဖြစ်သည့် ဘီဘီစီမီဒီယာအက်ရှင် ( BBC Media Action) သည် နိုင်ငံပေါင်း ၂၀ကျော်တွင် လုပ်ကိုင်ဆောင်ရွက်လျှက်ရှိပြီးမီဒီယာနှင့် ဆက်သွယ်ရေးကိုအသုံးပြု၍ ဆင်းရဲ နွမ်းပါးမှုနှင့် မညီမျှမှုကိုဖြေရှင်းတိုက်ဖျက်နေခြင်း ဖြစ်သည်။

လက်ရှိတွင် ဘီဘီစီမီဒီယာအက်ရှင်သည် အလုပ်သမားအခွင့်အရေး၊ ကျန်းမာရေး၊ လူမှုကွဲပြားခြားနားမှု လျှော့ချရေးနှင့် အုပ်ချုပ်ရေးစနစ်ပိုင်းဆိုင်ရာကိစ္စရပ်များကိုရေဒီယိုနှင့် ရုပ်သံအစီအစဉ်များဖြင့် မြန်မာပြည်တွင်းမီ ဒီယာများမှတဆင့် တင်ဆက်ပေးနေသည်ဟု ဆိုသည်။

အပတ်စဉ် ပရိသတ် ၅ ဒသမ ၃သန်းဆီ ရောက်ရှိနေသောအစီအစဉ်များတင်ဆက်လျှက်ရှိသည့် ဘီဘီစီမြန်မာပိုင်းအစီအစဉ်သည် ဘက်မလိုက်၊ တိကျသောကိုယ်ပိုင်ထုတ်လုပ်သည့် သတင်းများဖြင့် ယုံကြည်စိတ်ချ ရသောသတင်းဌာနအဖြစ် ဆက်လက်ရပ်တည်နေပြီး  ဘီဘီစီမြန်မာပိုင်း၏ ဖေ့စ်ဘုတ်စာမျက်နှာကိုပရိသတ် ၁၆သန်းနီးပါးက ကြည့်ရှု့၍ အပတ်စဉ် ၂ ဒသမ၂ သန်းကစာမျက်နှာပေါ်မှ သတင်းများနှင့် ပုံမှန်ထိတွေ့ မှတ်ချက်ပြုဝေမျှခြင်းများပြုလုပ်နေကြောင်း သိရသည်။

 ဘီဘီစီမြန်မာပိုင်းအစီအစဉ်၏ ရုပ်မြင်သံကြားအစီအစဉ်ကိုလည်းမဇ္ဈိမရုပ်သံလိုင်းမှ ထုတ်လွှင့်ပေးနေပြီး ဘီဘီစီမြန်မာပိုင်းသည် ဘီဘီစီကမ္ဘာတလွှားအစီအစဉ်၏ အစိတ်အပိုင်းတစ်ခုလည်း ဖြစ်သည်။

Mizzima Key Campaign မှာ ပါဝင်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ Visit Our website: http://building.mizzimafoundation.org/

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly