မကွေးဆေးရုံကြီးတွင် နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲ ကလေးငယ်များကို အခမဲ့ခွဲစိတ်ကုသ

မကွေးဆေးရုံကြီးတွင် နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲ ကလေးငယ်များကို အခမဲ့ခွဲစိတ်ကုသ

မကွေး၊ အောက်တိုဘာ ၂၄။          ။ မကွေးဆေးရုံကြီးတွင် ကရုဏာရှေးရှုမြန်မာမှုအဖွဲ့နှင့် Japan Heart International Medical Volunteers တို့ ပူးပေါင်း၍ (ယနေ့)အောက်တိုဘာ၂၄ရက်နေ့က နှုတ်ခမ်းကွဲ၊အာခေါင်ကွဲ ကလေး ငယ်(၅၀)ဝန်းကျင်ခန့်ကို အခမဲ့ခွဲစိတ်ကုသပေးနေကြောင်း သိရသည်။

“ကလေးငယ်တွေကို အခုလိုခွဲစိတ်ကုသပေးတာဟာ ၉ကြိမ်မြောက်ဖြစ်ပါတယ်။ မကွေးတိုင်းဆေးရုံ ကြီးမှာ ပြုလုပ်တာကတော့ ၃ကြိမ်မြောက်ဖြစ်ပါတယ်။ နှုတ်ခမ်းကွဲ၊အာခေါင်ကွဲကလေးငယ်တွေကို အခမဲ့ခွဲစိတ်ကုသရာမှာ အခုနှစ်က မကွေးတိုင်းအတွင်းသာမက စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်း၊ ဧရာ ဝတီတိုင်းနဲ့ ပဲခူးတိုင်းတွေက ကလေးငယ်တွေ ပါဝင်ပါတယ်။ နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲ ကလေးငယ် တွေကိုအခမဲ့ ခွဲစိတ်ကုသပေးတာဟာ အား လုံးအတွက် အကျိုးရှိတဲ့အစီစဉ်ဖြစ်ပါတယ်” ဟု တိုင်းဆေးရုံအုပ် ဒေါက်တာမြတ်စိုးက ပြောသည်။

ထိုသို့ ခွဲစိတ်ကုသရာတွင် အသက်(၃)လဝန်းကျင်မှစတင်ကာ မွေးရာပါ နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲ နှစ်မျိုးစလုံးဖြစ်နေသည့် ကလေးငယ်များကို ကုသပေးနေကြောင်း၊ဂရုဏာရှေးရှုမြန်မာမှုအဖွဲ့မှ ကုသလိုသည့်ကလေးငယ် များကို ရှာဖွေကာနှစ်စဉ်ကုသပေးနေခြင်းဖြစ်ကြောင်း သိရသည်။

“၉ကြိမ်မြောက်အထိ နှုတ်ခမ်းကွဲ၊အာခေါင်ကွဲကလေးငယ်အယောက် ၈၀၀နီးပါးကိုအခမဲ့ခွဲစိတ်ပေးခဲ့ပြီး တစ်နှစ်ထက် တစ်နှစ် လာရောက်ကုသကလေးငယ်များ လျော့လာတဲ့သဘောရှိတဲ့အတွက် ပရော ဂျက်က အောင်မြင် တယ်” ဟု ဂရုဏာရှေးရှုမြန်မာမှုအဖွဲမှ ဦးကျော်မျိုးအောင်က ပြောသည်။

အဆိုပါအစီအစဉ်သို့ လာရောက်ခွဲစိတ်သည့် ကလေးငယ်များနှင့် မိသားစုဝင်များကို ဆေးကုသ စရိတ်၊လမ်းစရိတ်၊စားစရိတ် စသည်တို့ကို ထောက်ပံ့ကူညီ လုပ်ဆောင်ပေးနေကြောင်း ကလေးငယ် များ၏ အနာဂတ်တွင် လှပစွာပြုံးနိုင်ပြီး အနာဂတ်လမ်းကို ရဲရဲဝင့်ဝင့်လျှောက်လှမ်းနိုင်ရန် ရည်ရွယ်၍ ခွဲစိတ်ကုသပေးခြင်းဖြစ်ကြောင်း သိရသည်။

ထိုသို့ နှုတ်ခမ်းကွဲ၊အာခေါင်ကွဲကလေးငယ်များကို ခွဲစိတ်ကုသရာတွင် ဂျပန်မှဆရာဝန်၊သူနာပြုများနှင့် မကွေးဆေးရုံကြီးမှ ဆရာဝန်၊ သူနာပြု စုစုပေါင်းအယောက်(၄၀)ကျော်မှ ပါဝင်ကုသခြင်းဖြစ်ကြောင်း၊ ခွဲစိတ်ကုသခြင်း ကို အောက်တိုဘာ၂၂ရက်မှ၂၅ရက်နေ့အထိ ပြုလုပ်သွားမည်ဖြစ်ကြောင်း မကွေးဆေးရုံမှ သိရသည်။

Mizzima Key Campaign မှာ ပါဝင်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ Visit Our website: http://building.mizzimafoundation.org/

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly