မဟတ္တမဂန္ဓီ မွေးနေ့ နှစ်(၁၅၀) ပြည့်အထိမ်းအမှတ်အဖြစ် နံ့သာဖြူပင် စိုက်ပျိုးပွဲကျင်းပ

မဟတ္တမဂန္ဓီ မွေးနေ့ နှစ်(၁၅၀) ပြည့်အထိမ်းအမှတ်အဖြစ် နံ့သာဖြူပင် စိုက်ပျိုးပွဲကျင်းပ

မဟတ္တမဂန္ဓီ မွေးနေ့ နှစ်(၁၅၀) ပြည့်အထိမ်းအမှတ်အဖြစ် မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့နှင့် မဟတ္တမဂန္ဓီ အကျိုးဆောင်အဖွဲ့တို့သည် မန္တလေးမြို့ ကျုံးအရှေ့ဘက်တွင်  နံ့သာဖြူပင် စိုက်ပျိုးပွဲ ကို အောက်တိုဘာ ၂၄ ရက်နေ့က ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါအခမ်းအနားသို့ မန္တလေးမြို့တော်ဝန် ဒေါက်တာရဲလွင်၊ အိန္ဒိယကောင်စစ်ဝန်ချုပ် Mr Nandan Singh Bhaisora ၊  အကျိုးဆောင်ဥက္ကဌ ဦးမောင်ဆွေနှင့် အိန္ဒိယမျိုးနွယ်ဖွား ခေါင်းဆောင်များ တက်ရောက်ခဲ့ပြီး မဟတ္တမဂန္ဓီအထိမ်းအမှတ် မန္တလေးတွင် နံ့သာဖြူပင် စိုက်ပျိုးပွဲအတွက် အထူးဝမ်းမြောက်ကြောင်း မြို့တော်ဝန်က မိန့်ခွန်းတွင် ထည့်သွင်းပြောကြားခဲ့သည်။

မဟတ္တမဂန္ဓီအထိမ်းအမှတ် နံ့သာဖြူပင်စိုက်ပျိုးခြင်းကို နေပြည်တော်၊ ရန်ကုန်နှင့် တခြားမြို့ များတွင်လည်း ကျင်းပခဲ့သည်။ ထို့အပြင် ဒီအောက်တိုဘာလ (၂)ရက်ကလည်း မဟတ္တမ ဂန္ဓီ မွေးနေ့အထိမ်းအမှတ်အဖြစ် တံဆိပ်ခေါင်းများလည်း ထုတ်ဝေခဲ့ပြီး  အောက်တိုဘာ (၈)နေ့ကလည်း အဖွဲ့ဝင်ငါးဦးပါဝင်သော ဂန္ဒဝင်ယဉ်ကျေးမူ သီဆိုပွဲအား အမျိုးသားကဇာတ်ရုံတွင် ကျင်းပခဲ့ရာ ဧည့်သည်တစ်ထောင် ကျော်တက်ရောက်ခဲ့သည်။

“မဟတ္တမ ဂန္ဓီ ကြီးသည် ကမ္ဘာ့ငြိမ်းချမ်းရေး၊ အမှန်တရား၊ အကြမ်းမဖက်မူ ပြရုဒ် တစ်ဦးဖြစ်ပြီး သူ့၏ စည်းလုံးညီညွှတ်ရေး၊ လူသားတန်ဖိုး၊အမျိုးသမီးများအခွင့်အရေး၊ ကျန်မာသန့်ရှင်းရေး၊ သည်းခံမူ၊ဆင်းရဲမူလျော့ချရေး၊ ဗုဒ္ဓတရားတော်များ၊ လူမူရေးရာ ဟန်ချက်ညီမူ၊ အခြေခံပညာရေး ဒါတွေဟာ ကမ္ဘာတဝန်းလုံးမှာရှိတဲ့ လူသားအားလုံး အတွက် အချိန်တိုင်း အသက်အရွယ်မရွေး စံပြဖြစ်ပါတယ်။ မဟတ္တမ ဂန္ဓီ ဟာ အိန္ဒိယ တစ်နိုင်ငံတည်းအတွက်မဟုတ်ပဲ လူသားအားလုံးအတွက် ကိုယ်စားပြုပါတယ်။ မဟတ္တမ ဆိုတဲ့စကားဟာ ကြီးမြတ်မူဖြစ်ပါတယ်။ သူ ပြောခဲ့သလို သူ၏ဘဝဟာ သတင်းဖြစ်တယ်လို့သူကိုယ်တိုင်ပြောကြားခဲ့ပါတယ်။ သူ ၏အတွေးအမြင်များဟာ ယနေ့ကမ္ဘာတွင်ရင်ဆိုင်နေရသော မညီမျှမူ၊ တရားမျှတမူ မရှိခြင်း၊ လူမူရေးပြဿနာများ၊ အကြမ်းဖက်မူ၊ ရာသီဥတုပြောင်းလဲလာမူ၊ စီးပွားရေးမညီမျှမူ နှင့် ပတ်သက်ဆက်နွယ်လျှက် ရှိပါတယ်” ဟု အိန္ဒိယကောင်စစ်ဝန်ချုပ် Mr Nandan Singh Bhaisora က ပြောကြားခဲ့သည်။

မဟတ္တမ ဂန္ဓီ သည် မြန်မာ နိုင်ငံသို့ ၁၉၀၂ခုနှစ်၊ ၁၉၁၅ ခုနှစ်နှင့် ၁၉၂၉ ခုနှစ်တို့တွင် ရန်ကုန်၊ မန္တလေးနှင့် မော်လမြိုင်မြို့များသို့ အလည်အပတ်ရောက်ရှိခဲ့ဖူးသည်။

မြန်မာအစိုးရအနေဖြင့်  မဟတ္တမ ဂန္ဓီ ပွဲအား အလေးထားဆောင်ရွက်ပေးမှုသည် နှစ်နိုင်ငံ ဆိုင်ရာ သမိုင်းကြောင်း ယဉ်ကျေးမှုနှင့်  ချစ်ကြည်ရင်းနှီးမှုကို  ပိုမိုခိုင်မာရုံသာမက ငြိမ်းချမ်းပြီး ဖွံ့ဖြိုးတိုးတက်သော ဘဝများကို သယ်ဆောင်သွားနိုင်မည်ဖြစ်ကြောင်း ကောင်စစ်ဝန်ချုပ်က ထပ်မံပြောကြားခဲ့သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly