ရေကြီးရေလျှံမှုများကြောင့် စပါးအချိန်မီ မစိုက်ပျိုးနိုင်သဖြင့် ရာသီပေါ် ဖရဲများကို စိုက်ပျိုးမှု များလာ

ရေကြီးရေလျှံမှုများကြောင့် စပါးအချိန်မီ မစိုက်ပျိုးနိုင်သဖြင့် ရာသီပေါ် ဖရဲများကို စိုက်ပျိုးမှု များလာ
ဓာတ်ပုံ - ဒီမိုးသွေး (မြိတ်)

တနင်္သာရီ၊ အောက်တိုဘာ ၂၄။           ။ မြိတ်ခရိုင်၊တနင်္သာရီ မြို့နယ်ရှိ ကျေးရွာတချို့တွင် ယခုနှစ်အတွင်း ရေကြီးရေလျှံမှုများကြောင့် စပါးအချိန်မီ မစိုက်ပျိုးနိုင်သဖြင့် ရာသီပေါ် ထိုင်ဝမ်မျိုးစေ့ ဖရဲသီးများကို စိုက်ပျိုးမှုများ လာကြောင်း တောင်သူများထံမှ သိရသည်။

တနင်္သာရီမြို့တွင် ပြီးခဲ့သည့် မိုးရာသီ၌ ရေကြီးရေလျှံမှုဖြစ်ပွားခဲ့ပြီး လယ်မြေများပျက်စီးခဲ့ကာ စပါး စိုက်ပျိုးချိန်နောက်ကျခဲ့ကြောင်း ထို့ကြောင့် လွတ်လပ်နေသောလယ်ကွင်း အလွတ်များတွင် ရာသီပေါ် သီးနှံများ စိုက်ပျိုး ကာ ဝင်ငွေရှာဖွေနေကြခြင်းလည်း ဖြစ်သည်။

 

“ဒီနှစ်က ဖရဲသီးစိုက်ပျိုးချိန် နောက်ကျပါတယ်။ စိုက်ပျိုးသူတွေလည်း ယခင်နှစ်က ထက်ပိုများ ပါတယ်။ ရေကြီး ရေလျှံမှု ဖြစ်ထားတော့လယ် တချို့ကစပါး အချိန်မီ ပြန်မစိုက်ကြတော့ဘဲ ရာသီပေါ် သီးနှံကိုပဲ ဦးစားပေး စိုက်ပျိုးကြတာ ဖြစ်တယ်”ဟု တနင်္သာရီမြို့နယ် အရှေ့မော်တုံးရွာဟောင်း ကျေးရွာရှိတောင်သူ ဦးမောင်သန်းက ပြောဆိုသည်။

ထိုအပြင်ယခုနှစ်တွင် ဖရဲသီးစိုက်ပျိုးသူတောင်သူ များပြားလာမှုကြောင့် မျိုးစေ့နှင့်စျေးနှုန်း မြင့်တက်မှု များလည်း ရှိနေကြောင်း တောင်သူတို့ကဆိုသည်။

“ဒီနှစ်မှာ ဖရဲသီး စိုက်ပျိုး တောင်သူတွေ များလာပေမယ့် အသီးထွက်နှုန်းကတော့ မကျပါဘူး။ အများ စုကလက်ရှိမှာစိုက်ခင်းတွေ အောင်မြင်ကြပါတယ်။သီးထွက်တဲ့ အချိန်ဆိုရင်မနှစ်ကထက် ဒီနှစ်မှာ စျေးကောင်းမယ် မထင်ဘူး”ဟု တနင်္သာရီမြို့နယ်မော်တုံးကျေးရွာ ဖရဲသီးစိုက်ခင်း တောင်သူ ဦးတင်ဌေးက ပြောသည်။

အဆိုပါဒေသတွင် ဖရဲသီးကို ဇူလိုင်လတွင် စိုက်ပျိုးပြီး၊ စက်တင်ဘာလအကုန်တွင် ခူဆွတ်ကြောင်း ယခုနှစ်တွင် စက်တင်ဘာလမှစတင်စိုက်ပျိုးခဲ့ပြီး နိုဝင်ဘာလ ဆန်းပိုင်းတွင် ခူးဆွတ်နိုင်မည်ဟု တောင်သူများထံမှ သိရသည်။

Mizzima Key Campaign မှာ ပါဝင်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ Visit Our website: http://building.mizzimafoundation.org/

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly