အမှတ်ပေးလက်ကျန်ပွဲစဉ်များကို အနိုင်ကစားမည်ဟု ကမ္ဘောဇအသင်း တိုက်စစ်မှူး ပြော

အမှတ်ပေးလက်ကျန်ပွဲစဉ်များကို အနိုင်ကစားမည်ဟု ကမ္ဘောဇအသင်း တိုက်စစ်မှူး ပြော
ကမ္ဘောဇအသင်း တိုက်စစ်မှူး စိုးမင်းဦး။ (ဓာတ်ပုံ - သောကြာ)
 

အောက်တိုဘာ ၁၇၊ ရန်ကုန်။         ။ ၂၀၁၅ အူရီဒူးမြန်မာနေရှင်နယ်လိဂ် အမှတ်ပေးဘောလုံးပြိုင်ပွဲ ပြီးဆုံးရန် ပွဲစဉ် သုံးပွဲသာ ကျန်ရှိနေပြီး လက်ကျန်ပွဲစဉ်များ အားလုံးကို အနိုင်ကစားသွားမည်ဟု ကမ္ဘောဇအသင်းတိုက်စစ်မှူး စိုးမင်းဦးက ပြောသည်။

ပွဲစဉ် ၁၉ ပွဲကစားပြီးချိန်တွင် ကိုးပွဲ နိုင်၊ လေးပွဲ သရေ၊ ခြောက်ပွဲ ရှုံး ရမှတ် ၃၁ မှတ်ဖြင့် အမှတ်ပေးဇယား အဆင့် ၅ နေရာ တွင် ရပ်တည်နေသည့် ကမ္ဘောဇအသင်းသည် အောက်တိုဘာ ၁၈ ရက်တွင် အိမ်ကွင်း၌ ဧရာဝတီအသင်းနှင့် ကစားရမည်ဖြစ် သည်။

' ပွဲက သုံးပွဲပဲ ကျန်တော့တယ်။ အကောင်းဆုံး ကစားသွားမှာပါ။ ပွဲအားလုံး အနိုင်ရပြီး ကိုးမှတ်ရဖို့ တစ်သင်းလုံး ကြိုးစားနေပါတယ်။ ဧရာဝတီဆိုတာကလည်း အသင်းကောင်းတစ်သင်းပါ။ သူတို့က ကောင်းလို့လည်း ရှေ့နှစ်မှာ နိုင်ငံခြားပွဲ (အေအက်ဖ်စီဖလားပွဲ) ဝင်ကစားခွင့်ရထားတာပေါ့။ ဘာပဲဖြစ်ဖြစ်ပါ၊ လုပ်နိုင်သလောက် အကောင်းဆုံး လုပ်သွားမှာပါ 'ဟု
ကမ္ဘောဇအသင်း တိုက်စစ်မှူး စိုးမင်းဦးက ပြောသည်။

ကမ္ဘောဇအသင်းနှင့် ဧရာဝတီအသင်းတို့၏ ပထမအကျော့ပွဲစဉ် ဧရာဝတီအသင်း အိမ်ကွင်းတွင် ဧရာဝတီအသင်းက ၂-၀ ဂိုးဖြင့် အနိုင်ရရှိထားသည်။

တောင်ကြီးကွင်းတွင် လာရောက် ကစားမည့် ဧည့်သည်ဧရာဝတီအသင်းသည် ကမ္ဘောဇအသင်းထက် တစ်ပွဲ လျော့ ၁၈ ပွဲကစားထားပြီး ၁၀ ပွဲနိုင်၊ သုံးပွဲ သရေ၊ ငါးပွဲ ရှုံး ရမှတ် ၃၃ မှတ်ဖြင့် အဆင့် ၄ နေရာ တွင် ရပ်တည်နေသည်။

ထို့ကြောင့် အောက်တိုဘာ ၁၈ ရက်တွင် ကစားမည့် ကမ္ဘောဇအသင်းနှင့် ဧရာဝတီအသင်းတို့ပွဲ၌ အိမ်ရှင် ကမ္ဘောဇအသင်းအနိုင်ရပါက အမှတ်ပေးဇယား အဆင့် ၄ သို့ တက် ရောက်နိုင်မည်ဖြစ်သည်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly