ဘာစီလိုနာမှာ ကက်တလန် ဆန္ဒပြမှုများ အရှိန်မြင့် ဖြစ်ပေါ်

ဘာစီလိုနာမှာ ကက်တလန် ဆန္ဒပြမှုများ အရှိန်မြင့် ဖြစ်ပေါ်

အောက်တိုဘာ ၁၇ ။         ။ စပိန်နိုင်ငံ ဘာစီလိုနာမြို့မှာ ကက်တလန် ခွဲထွက်ရေး ဆန္ဒပြသူတွေနဲ့ ရဲတွေ အပြန်အလှန် ထိပ်တိုက်တွေ့ပြီး အခြေအနေတွေ တင်းမာနေလျက် ရှိပါတယ်။

ယင်းမြို့မှာ ကက်တလန် ဆန္ဒပြသူတွေနဲ့ ရဲတွေအကြား ထိပ်တိုက်တွေ့ တိုက်ခိုက်မှုတွေ ပြီးခဲ့တဲ့ ရက်တွေအတွင်း ဖြစ်ပေါ်ခဲ့သလို ဆန္ဒပြသူတွေဘက်က ယင်းမြို့မှာ မီးရှို့မှုတွေကိုလည်း လုပ်ဆောင်ခဲ့ပါတယ်။

ဒါဟာ ပြီးခဲ့တဲ့ ၂၀၁၇ ခုနှစ်တုန်းက မအောင်မြင်ခဲ့တဲ့ လွတ်လပ်ရေး ကြိုးပမ်းမှုမှာ ပါဝင်ပတ်သက်ထားခဲ့မှုနဲ့ ကက်တလန် ခေါင်းဆောင် ကိုးဦးကို တရားရုံးချုပ်က ကြီးလေးတဲ့ ထောင်ဒဏ်တွေ ချမှတ်ခဲ့ခြင်းအပေါ် ကန့်ကွက်ဆန္ဒပြမှုကြီးတစ်ခု လုပ်ဆောင်ပြီးနောက် ခုလို အခြေအနေတွေ ဆက်လက်ဖြစ်ပေါ်နေတာ ဖြစ်ပါတယ်။

လက်ရှိမှာ ဘာစီလိုနာမြို့အပေါ် ထိခိုက်မှုတွေဖြစ်ထားစေခဲ့တဲ့ အကြမ်းဖက် ဆန္ဒပြမှုတွေ ချက်ချင်း ရပ်ကြဖို့ ကက်တလန် ခေါင်းဆောင် ကွင်းမ် တိုရာကတော့ တောင်းဆိုတိုက်တွန်းနေလျက် ရှိပါတယ်။

ခုလို အကြမ်းဖက်လုပ်ဆောင်မှုတွေဟာ ခွဲထွက်ရေးလှုပ်ရှားမှု ပုံရိပ်ကို ထိခိုက်စေလျက် ရှိကြောင်း ၎င်းက သတိပေးထားခဲ့ပါတယ်။

Mizzima Key Campaign မှာ ပါဝင်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ Visit Our website: http://building.mizzimafoundation.org/

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly