အီရန်ဖျက်အားပြင်းတာလတ်ဒုံးကျည် စမ်းသပ်မှု အမေရိကန် ရှုတ်ချ

အီရန်ဖျက်အားပြင်းတာလတ်ဒုံးကျည် စမ်းသပ်မှု အမေရိကန် ရှုတ်ချ

အီရန်နိုင်ငံ၏ ဖျက်အားပြင်းတာလတ်ဒုံးကျည် စမ်းသပ်ပစ်လွှတ်မှုသည် ကုလသမဂ္ဂ ကန့်သတ်မှုကို ပြောင်ပြောင်တင်းတင်းချိုးဖောက်ခြင်းနှင့် နိုင်ငံတကာကျင့်ဝတ်များကို မလိုက်နာသည့် ပြယုဂ်ဖြစ်သည်ဟု အမေရိကန်ရှုတ်ချသည်။

နျူကလီးယားသယ်ဆောင်စွမ်းသည့် ဒုံးကျည်ကို အီရန်က အောက်တိုဘာ ၁၀ ရက်က ပစ်လွှတ်လိုက်ခြင်ဖြစ်သည်။

ကုလသမဂ္ဂဆိုင်ရာ အမေရိကန်သံအမတ်ကြီး ဆမ်မန်သာပါဝါက အီရန် ဒုံးကျည်စမ်းသပ်မှုအပေါ် အမေရိကန်အနေဖြင့် အလွန်စိုးရိမ်ကြောင်း ပြောခဲ့သည်။

သို့သော်လည်း ယခုဖြစ်ရပ်က အမေရိကန်-အီရန် နျူကလီးယားသဘောတူညီမှုကို လမ်းလွဲစေလိမ့်မဟုတ်ကြောင်း သတင်းထောက်များက ပြောသည်။

ယခုစမ်းသပ်ပစ်လွှတ်မှုသည် ၂၀၁၀ ကုလသမဂ္ဂလုံခြုံရေးကောင်စီပဋိညာဉ်ကို ချိုးဖောက်ရာရောက်ကြောင်း အမေရိကန်က ပြောသည်။ အီရန်နှင့် အဓိကနိုင်ငံကြီးများ နျူကလီးယားအရေး သဘောတူညီမှု ဆွေးနွေးရေး စိတ်နေသဘောထားများကို ဖီလာပြုလာဖွယ်ရှိသည့် လုပ်ရပ်ဖြစ်ကြောင်းလည်း ဆိုသည်။

အီရန်က တာ ၁၇၀၀ ကီလိုမီတာ(၁၀၅၆ မိုင်) ပစ်လွှတ်နိုင်သည့် ဒုံးကျည်အား စမ်းသပ်ပစ်လွှတ်ခဲ့ခြင်းဖြစ်သည်။

Ref: BBC

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly