ကလေးအလုပ်သမား ပြဿနာကို ကိုင်တွယ်ဖြေရှင်းရန် နိုဘယ်ငြိမ်းချမ်းရေးဆုရှင် သတိပေး

ကလေးအလုပ်သမား ပြဿနာကို ကိုင်တွယ်ဖြေရှင်းရန် နိုဘယ်ငြိမ်းချမ်းရေးဆုရှင် သတိပေး

နယူးဒေလီ၊ အောက်တိုဘာ ၁၁  ။          ။ ကမ္ဘာမှာ ကလေးအလုပ်သမား ပြဿနာ အဆုံးသတ်ရေးဟာ အလှမ်းမမီသေးဆဲ အခြေအနေမှာ ရှိနေပြီး အိန္ဒိယမှာဆိုရင် အားချင်းကိုင်တွယ်ဖြေရှင်းရဖို့ လိုအပ်နေကြောင်း နိုဘယ်ငြိမ်းချမ်းရေးဆုရှင် ကယ်လက်ရှ်ဆတ်ယာသီက ပြောပါတယ်။

လက်ရှိအခြေအနေအတိုင်း သွားမယ်ဆိုရင် ၂၀၂၅ မှာ ကလေးငယ်ပေါင်း ၁၂၁ သန်းဟာ အလုပ်လုပ်ကိုင်နေရမှာ ဖြစ်တယ်လို့ ကြာသပတေးနေ့က နယူးဒေလီက အခမ်းအနားတစ်ရပ်မှာ ဆတ်ယာသီက ပြောပါတယ်။

နိုဘယ်ငြိမ်းချမ်းရေးဆု လက်ခံရရှိတဲ့ ငါးနှစ်ပြည့် အခမ်းအနားမှာ ဆတ်ယာသီဟာ ၎င်းရဲ့ မွေးရပ်နိုင်ငံ အိန္ဒိယမှာ ကလေးအလုပ်သမားပြဿနာကို ကိုင်တွယ်ဖြေရှင်းဖို့နဲ့ ရန်ပုံငွေထောက်ပံ့ဖို့ ချို့တဲ့တာအပေါ် ပြစ်တင်ပြောဆိုခဲ့ပါတယ်။

အိန္ဒိယဟာ ကမ္ဘာပေါ်မှာ ကလေးသူငယ် ခေါင်းပုံဖြတ်မှု အများဆုံးနိုင်ငံတွေထဲက တစ်နိုင်ငံပဲ ဖြစ်ပါတယ်။

ကမ္ဘာတစ်ဝန်းလုံးမှာ အလုပ်လုပ်ကိုင် ရှာဖွေစားသောက်နေရတဲ့ ကလေးသူငယ်ပေါင်း ၁၅၂ သန်း နီးပါးရှိနေပြီး ဒီ အနေအထားဟာ အဆုံးသတ်ဖို့ မမြင်တာဟာ အားလုံးအားလုံးသော လူတိုင်းအတွက် တာဝန်ရှိနေတယ်ဆိုတဲ့ စိတ်မျိုး ဖြစ်လာစေချင်တယ်လို့ ဆတ်ယာသီက ပြောပါတယ်။

ဒီပြဿနာကို ကမ္ဘာမှာ အပြောင်းအလဲ မဖော်ဆောင်ဘူးဆိုရင် ၂၀၂၅ မှာ ကလေးအလုပ်သမားဦးရေဟာ ၁၂၁ သန်းအထိ တင်ကျန်ကျန်ရှိနေမှာ ဖြစ်တယ်လို့ ၎င်းက ပြောခဲ့ပါတယ်။

Mizzima Key Campaign မှာ ပါဝင်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ Visit Our website: http://building.mizzimafoundation.org/

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly