တောမီးကာကွယ်ရန်အတွက် ကယ်လီဖိုးနီးယားမှာ ပြည်သူသန်းချီကို လျှပ်စစ်ဓာတ်အား ဖြတ်တောက်ထား

တောမီးကာကွယ်ရန်အတွက် ကယ်လီဖိုးနီးယားမှာ ပြည်သူသန်းချီကို လျှပ်စစ်ဓာတ်အား ဖြတ်တောက်ထား

အောက်တိုဘာ ၁၀ ။         ။ တောမီး မလောင်အောင် ကာကွယ်တဲ့အနေနဲ့ အောက်တိုဘာ ၉ ရက်က အမေရိကန်ပြည်ထောင်စု ကယ်လီဖိုးနီးယားပြည်နယ်မှာ လျှပ်စစ်ဓာတ်အား စတင်ဖြတ်တောက်ထားခဲ့ရာမှာတော့ ပြည်သူ သန်းနဲ့ချီတို့ ဓာတ်အားပြတ်တောက်မှုနဲ့ ရင်ဆိုင်နေရလျက် ရှိပါတယ်။

ပြည်နယ် လျှပ်စစ်ဓာတ်အားပေးရေး ကုမ္ပဏီတစ်ခုက ယင်းနေ့က လျှပ်စစ်မီး စတင်ဖြတ်တောက်ခဲ့ရာမှာတော့ မကြုံစဖူး များပြားတဲ့ အိမ်ထောင်စုတွေ ထိခိုက်ခဲ့ပါတယ်။

ဒါဟာ ပူပြင်း လေထန်တဲ့ ရာသီဥတု ရောက်ရှိစဉ် တောမီးလောင်ကျွမ်းနိုင်တဲ့ အန္တရာယ်တွေ ရှိတဲ့အတွက် ခုလို ဓာတ်အား အကြီးအကျယ် ဖြတ်တောက်မှုကို လုပ်ဆောင်တာလည်း ဖြစ်ပါတယ်။

ယမန်နှစ် နိုဝင်ဘာလက ယင်းပြည်နယ်ရဲ့ မျက်မှောက်ခေတ် သမိုင်းမှာ လူအသေအပျောက် အများဆုံး တောမီးလောင်ကျွမ်းမှုတစ်ခု ဖြစ်ခဲ့ပြီးနောက် ယင်း ဖြစ်ရပ်မျိုး နောက်တစ်ကြိမ် ထပ်မဖြစ်အောင် ကာကွယ်တဲ့အနေနဲ့ ခုလို ဓာတ်အားဖြတ်တောက်မှုကို လုပ်ဆောင်တာဖြစ်ကြောင်း လျှပ်စစ်ဓာတ်အားပေးရေး ကုမ္ပဏီ Pacific Gas & Electric က ကြေညာပါတယ်။

ခုလို ဓာတ်အားဖြတ်တောက်မှုအပေါ် ပြည်သူတွေ စိတ်ပျက်လက်ပျက်ဖြစ်နေတာကို နားလည်နိုင်ပေမယ့် ဒါဟာ အများပြည်သူ ဘေးကင်းလုံခြုံရေးအတွက် ဦးစားပေးပြီး လုပ်ဆောင်တာဖြစ်ကြောင်း ပြည်နယ် အုပ်ချုပ်ရေးမှူး ဂေဗင် နယူးဆမ်က ပြောသွားပါတယ်။

Mizzima Key Campaign မှာ ပါဝင်ဖို့ဖိတ်ခေါ်လိုက်ပါတယ်။ Visit Our website: http://building.mizzimafoundation.org/

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly