အရှိန်မြင့်လာတဲ့ ဆန္ဒပြပွဲတွေကြောင့် အီကွေဒေါမှာ အစိုးရက အရေးပေါ်အခြေအနေ ကြေညာ

အရှိန်မြင့်လာတဲ့ ဆန္ဒပြပွဲတွေကြောင့် အီကွေဒေါမှာ အစိုးရက အရေးပေါ်အခြေအနေ ကြေညာ

အောက်တိုဘာ ၄ ။        ။ တောင်အမေရိကနိုင်ငံတစ်နိုင်ငြံဖစ်တဲ့ အီကွေဒေါမှာ ဆန္ဒပြပွဲတွေ အရှိန်မြင့်ဖြစ်ပေါ်နေခဲ့ပြီးနောက် ယခုအခါ သမ္မတ လီနင် မိုရီနိုက အရေးပေါ် အခြေအနေတစ်ရပ် ထုတ်ပြန်ကြေညာလိုက်ပါတယ်။

နိုင်ငံမှာ လောင်စာ အမတော်ကြေး ထောက်ပံ့မှု ရပ်ဆိုင်းဖို့ အစိုးရက ဆုံးဖြတ်လိုက်တာကြောင့် လောင်စာဆီ စျေးနှုန်းတွေ မြင့်တက်မှုအပေါ် ဆန္ဒပြပွဲတွေ ပေါ်ပေါက်လာခဲ့တာ ဖြစ်ပါတယ်။

ယင်း ဆန္ဒပြပွဲတွေအတွင်း ဆန္ဒပြသမားတွေနဲ့ ရဲတွေအကြား အပြန်အလှန် တိုက်ခိုက်မှုတွေလည်း ဖြစ်ပေါ်ထားခဲ့ပြီး အခြေအနေတွေ တင်းမာနေခဲ့တာ ဖြစ်ပါတယ်။

မြို့တော် ကွီတိုမှာ ဖြစ်တဲ့ ဆန္ဒပြပွဲတွေအတွင်း ဆန္ဒပြသမားတွေဘက်က ကျောက်ခဲတွေ၊ မီးလောင်ဗုံးတွေနဲ့ ပစ်ပေါက်ခဲ့သလို ရဲတွေဘက်ကလည်း မျက်ရည်ယိုဗုံးတွေနဲ့ ပြန်လည် ပစ်ခတ်ခဲ့ပါတယ်။

လက်ရှိ အခြေအနေတွေအရ နိုင်ငံသားတွေရဲ့ ဘေးကင်းရေးအတွက် ကာကွယ်စောင့်ရှောက်ဖို့၊ ဗရမ်းပတာ အခြေအနေတွေကနေ ရှောင်လွဲနိုင်ဖို့ လိုအပ်တဲ့ လုပ်ဆောင်ချက်တွေ လုပ်ဆောင်မှာ ဖြစ်ကြောင်း သမ္မတ မိုရီနိုက သတင်းထောက်တွေကို ပြောသွားပါတယ်။

ဆယ်စုနှစ်တစ်စုအတွင်း အကြီးမားဆုံး ဆန္ဒပြပွဲတွေမှာတော့ သယ်ယူပို့ဆောင်ရေးကဏ္ဍက ဦးဆောင်နေခဲ့တာဖြစ်ပြီး ကျောင်းသားတွေ၊ အခြားအုပ်စုတွေလည်း ပါဝင်နေလျက်ရှိပါတယ်။

Mizzima Key Campaign မှာ ပါဝင်ဖို့ဖိတ်ခေါ်လိုက်ပါတယ်။ Visit Our website: http://building.mizzimafoundation.org/

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly