အမေရိကန်မှာ ဒုတိယကမ္ဘာစစ် ဗုံးကြဲလေယာဉ် ပျက်ကျ၊ လူ ၇ ဦး ထက်မနည်း သေဆုံး

အမေရိကန်မှာ ဒုတိယကမ္ဘာစစ် ဗုံးကြဲလေယာဉ် ပျက်ကျ၊ လူ ၇ ဦး ထက်မနည်း သေဆုံး

အောက်တိုဘာ ၃ ။           ။ အမေရိကန်နိုင်ငံ ကော်နက်တိကက် ပြည်နယ်က လေဆိပ်တစ်ခုမှာ အောက်တိုဘာ ၂ ရက်က ဒုတိယကမ္ဘာစစ် ဗုံးကြဲလေယာဉ်တစ်စင်း ပျက်ကျမှုဖြစ်ခဲ့လို့ အနည်းဆုံး လူခုနစ်ဦး သေဆုံးခဲ့တယ်လို့ ပြည်တွင်းမီဒီယာတွေမှာ ဖော်ပြပါတယ်။

အဆိုပါ လေယာဉ်ပေါ်မှာတော့ ခရီးသည် ၁၃ ဦးကို တင်ဆောင်လာခဲ့တာ ဖြစ်တယ်လို့ ဆိုပါတယ်။

ဂျာမနီနဲ့ ဂျပန်တို့ကို တိုက်ခိုက်ရာမှာ အမေရိကန် လေတပ်က တပ်ဖြန့်ခဲ့တဲ့ အဆိုပါ Boeing B-17 လေယာဉ်ဟာ ဒေသစံတော်ချိန် မနက် ၁၀ နာရီလောက်က ဘရက်ဒလေ နိုင်ငံတကာ လေဆိပ်မှာ ပျက်ကျခဲ့တာ ဖြစ်ပါတယ်။

ယင်းလေယာဉ်ပေါ်မှာ ခရီးသည် ဆယ်ဦးနဲ့ အမှုထမ်း သုံးဦး လိုက်ပါလာခဲ့ကြောင်း၊ Collings Foundation က စီမံခန့်ခွဲနေတဲ့ လေယာဉ်ဖြစ်ကြောင်း တာဝန်ရှိသူတွေက ပြောပါတယ်။

လေယာဉ် ပျက်ကျမှုကြောင့် လူ ခုနစ်ဦး သေဆုံးပြီး မြေပြင်ပေါ်က လူတစ်ချို့အပါအဝင် လူကိုးဦး ဒဏ်ရာရခဲ့တယ်လို့လည်း ပြည်တွင်း မီဒီယာတွေမှာ ဖော်ပြနေကြပါတယ်။

ယင်းလေယာဉ်ဟာ လေဆိပ်ကနေ ပျံတက်ပြီး ဆယ်မိနစ်ခန့်အကြာမှာ လေယာဉ်ဟာ ပြဿနာတွေ့နေပြီ ဆိုပြီး လေယာဉ်မှူးတွေက ထိန်းချုပ်ရေးစင်တာကို ဆက်သွယ်အကြောင်းကြားခဲ့တယ်လို့လည်း ပြည်နယ် လေဆိပ်အာဏာပိုင်အဖွဲ့ ဒါရိုက်တာ ကီဗင် ဒီလွန်က ပြောသွားပါတယ်။

လေယာဉ် ပျက်ကျရမှုရဲ့ အသေးစိတ် အကြောင်းရင်းကို ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။

Mizzima Key Campaign မှာ ပါဝင်ဖို့ဖိတ်ခေါ်လိုက်ပါတယ်။ Visit Our website: http://building.mizzimafoundation.org/

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly