အမြန်လမ်း၌ အရှိန်လျှော့မောင်းသင့်သည့်နေရာများကို အမြန်လမ်းရဲတပ်ဖွဲ့ထုတ်ပြန်ထား

အမြန်လမ်း၌ အရှိန်လျှော့မောင်းသင့်သည့်နေရာများကို အမြန်လမ်းရဲတပ်ဖွဲ့ထုတ်ပြန်ထား
ရန်ကုန်-မန္တလေး အမြန်လမ်းမပေါ်တွင် မောင်းနှင်နေသည့် Hijet ယဉ်တစ်စီးအား တွေ့ရစဉ်။ ဓာတ်ပုံ-ဟောင်ဆာ(ရာမည)

ရန်ကုန် ၊ အောက်တိုဘာ ၂ ။         ။ ရန်ကုန် - နေပြည်တော်-မန္တလေး အမြန်လမ်းမကြီးတစ်လျှောက်တွင် လမ်းအနေအထားအရ အရှိန်လျှော့ မောင်းနှင်သင့်သည့် နေရာများကို မြန်မာနိုင်ငံ အမြန်လမ်းမကြီးရဲတပ်ဖွဲ့မှူးရုံးက သတင်းထုတ်ပြန်ထားသည်။

မိုင်တိုင် ၁၅/၅၈/၅၉/၆၉/၇၁/၈၂/၈၅/၁၁၃/၁၄၆/၁၄၉/၁၇၂/၁၇၄/၂၃၃/၃၂၅ တို့တွင် လမ်းအနေအထားအရ အရှိန်လျှော့ မောင်းသင့်ပြီး ယင်းနေရာအနီးတစ်ဝိုက်တွင် သတ်မှတ်အရှိန်နှုန်း တိုင်းတာစက်များ ထားရှိကာ မှတ်တမ်းယူထားသည်ဟု အမြန်လမ်းရဲတပ်ဖွဲ့မှူးရုံးက ဆိုသည်။

သတ်မှတ်အရှိန်နှုန်းတိုင်းတာစက်ထားရှိပြီး မှတ်တမ်းယူစစ်ဆေးရခြင်းမှာ မကြာခဏယာဉ်မတော်တဆ ဖြစ်ပွားလေ့ရှိသော နေရာများနှင့် လမ်းအနေအထားအရ အရှိန်လျှော့၍ သတိထားမောင်းနှင်ရမည့် နေရာများတွင် ယာဉ်မတော်တဆ ထိခိုက်ဒဏ်ရာရရှိမှု မဖြစ်စေရန်အတွက် ထားရှိခြင်းဖြစ်ကြောင်း ရဲတပ်ဖွဲ့က ပြောဆိုထားသည်။

ယင်းအပြင် မိုင်တိုင် ၁၆/၅၃/၇၉/၈၅/၁၄၂/၁၄၇/၁၅၃/၁၇၀/၃၁၄/၁၉ ၅/၂၁၈/၂၄၃/ ၃၂၂/၃၂၇/၃၄၁/၃၅၂ အနီးတဝိုက် တို့တွင် ယာဉ်မတော်တဆမှုများ ဖြစ်ပွားလေ့ရှိသည်ဟုလည်း အမြန်လမ်းရဲတပ်ဖွဲ့၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ရန်ကုန်- နေပြည်တော် - မန္တလေး အမြန်လမ်းမကြီးတွင် ၂ဝ၁၇ ခုနှစ်က ယာဉ်မတော်တဆမှု ၅၅၅ မှု၊ ၂ဝ၁၈ ခုနှစ်တွင် ၄၇၄ မှု ဖြစ်ပွားခဲ့ကြောင်း အမြန်လမ်းရဲတပ်ဖွဲ့မှူးရုံးက ထုတ်ပြန်ထားသည့် စာရင်းများအရ သိရှိရသည်။
    Mizzima Key Campaign မှာ ပါဝင်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ Visit Our website: http://building.mizzimafoundation.org/

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly