၀ါးစိမ်းတောင်ဒေသ သတ္တုရှာဖွေရေးစီမံကိန်း စစ်ကိုင်းတိုင်းအစိုးရ ပြန်လည်ရုတ်သိမ်း

၀ါးစိမ်းတောင်ဒေသ သတ္တုရှာဖွေရေးစီမံကိန်း စစ်ကိုင်းတိုင်းအစိုးရ ပြန်လည်ရုတ်သိမ်း

စစ်ကိုင်းတိုင်းဒေသကြီး ဝါးစိမ်းတောင် ဒေသတွင်  မြန်မာယမ်စီကုမ္ပဏီ၏ ဓာတ်သတ္တု ရှာဖွေစမ်းသပ်ခွင့်ကို တိုင်းဒေသကြီး အစိုးရက ပြန်လည် ရုပ်သိမ်းခဲ့ကြောင်း စက်တင်ဘာ ၃၀ရက်နေ့က သတင်းထုတ်ပြန်ခဲ့သည်။

ယင်းမာပင်ခရိုင်ထဲမှ ဆားလင်းကြီး၊ ယင်းမာပင်၊ ကနီမြို့နယ်များထဲမှ မြေဧက ၁၁၂၉၈၂ဧကတွင် စီမံကိန်း လုပ်ကိုင်ခွင့်ပြုရန် ကုမ္ပဏီဘက်က လျောက်ထားခဲ့ရာ ၂၈၁၃၆ဧကတွင် လုပ်ကိုင်ခွင့်ပြုရန် အစိုးရက ခွင့်ပြုခဲ့ခြင်း ဖြစ်သည်။

ဒေသခံပြည်သူများ ကန့်ကွက်နေသည့်ကြားမှ တိုင်းအစိုးရက ခွင့်ပြုခဲ့သည်ဟုဆိုကာ စက်တင်ဘာ ၃၀ရက်နေ့တွင် ဒေသခံများက မုံရွာမြို့တွင် ကန့်ကွက်ဆန္ဒထုတ်ဖော်ခဲ့ကြသည်။
ယင်းကဲ့သို့ ကန့်ကွက်ဆန္ဒထုတ်ဖော်သည့် နေ့မှာပင် ဒေသခံ  ပြည်သူလူထု၏ သဘောဆန္ဒကို ရှေးရှုပြီး စီမံကိန်းခွင့်ပြုထားခြင်းကို ပြန်လည် ပယ်ဖျက်ခဲ့ကြောင်း သတင်းထုတ်ပြန်ခဲ့သည်။

 Mizzima Key Campaign မှာ ပါဝငျဖို့ ဖိတျခေါျလိုကျပါတယျ။ Visit Our website: http://building.mizzimafoundation.org/

 

   

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly