ကမ္ဘာ့မြို့ကြီးပြကြီး ၁၀၀ ခန့်မှာ ရာသီဥတု ဆန္ဒပြပွဲတွေ ဆင်နွှဲ

By AFP
28 September 2019
ကမ္ဘာ့မြို့ကြီးပြကြီး ၁၀၀ ခန့်မှာ ရာသီဥတု ဆန္ဒပြပွဲတွေ ဆင်နွှဲ

မွန်ထရီယယ်၊ စက်တင်ဘာ ၂၈ ။        ။ ကနေဒါနိုင်ငံတစ်ဝန်းမှာ သောကြာနေ့က ရာသီဥတု ဆန္ဒပြချီတက်ပွဲတွေမှာ လူထောင်သောင်းများစွာ ပါဝင်ဆင်နွှဲကြပြီး ကမ္ဘာ့မြို့ကြီးပြကြီး ၁၀၀ နီးပါးမှာလည်း ရာသီဥတု ဆန္ဒပြပွဲတွေ အသီးသီး ဆင်နွှဲကြပါတယ်။

ဆယ်ကျော်သက် တက်ကြွလှုပ်ရှားသူ ဂရီတာတန်းဘတ်က ကနေဒါ ဝန်ကြီးချုပ် ဂျက်စတင်းထရူဒိုနဲ့ အခြား ကမ္ဘာ့ခေါင်းဆောင်တွေကို သဘာဝပတ်ဝန်းကျင်အတွက် ပိုမိုအရေးတယူ ဆောင်ရွက်ရန် ပြောဆိုတိုက်တွန်းရင်း မွန်ထရီယယ်မြို့က လူသန်းဝက်နီးပါးကို ဦးဆောင်ရင်း ဆန္ဒပြချီတက်မှုကို စတင်ခဲ့ပါတယ်။

ကနေဒါက အခု ဆန္ဒပြပွဲဟာဆိုရင် ကမ္ဘာ့တစ်လွှားက ရာသီဥတု ဆန္ဒပြပွဲတွေရဲ့ တစ်စိတ်တစ်ပိုင်းအဖြစ် စတင်လိုက်တာပဲ ဖြစ်ပါတယ်။

“ကမ္ဘာအနှံ့က နိုင်ငံရေးသမားအားလုံးကို ကျွန်မ သတင်းစကား ပါးတာက တစ်ခုတည်းပါ။ လက်ရှိ အကောင်းဆုံး သိပ္ပံပညာနဲ့ ရာသီဥတု ပြောင်းလဲမှုအရေးကို နားစွင့်ပါ။ လိုက်နာကြပါ။”လို့ အသက် ၁၆ နှစ်အရွယ် တန်းဘတ်က ပြောပါတယ်။

ဆယ်ကျော်သက် မိန်းကလေး တန်းဘတ်ဟာ ခု သီတင်းပတ်အစောပိုင်းက “ဘယ်လို မျက်နှာ ပြဝံ့သလဲ”ဆိုတဲ့ မိန့်ခွန်းကို ကုလသမဂ္ဂမှာ ပြောဆိုပြီး ကမ္ဘာ့ခေါင်းဆောင်တွေကို ရာသီဥတု ပြောင်းလဲမှုနဲ့ ပတ်သက်ပြီး ပြစ်တင်ပြောဆိုသွားတာဟာ ကမ္ဘာ့သတင်းတွေမှာ သတင်းကြီးဖြစ်ခဲ့ပါတယ်။

“ရှင်တို့ဟာ ကျွန်မရဲ့ အိပ်မက်တွေ၊ ကလေးဘဝတွေကို အချည်းနှီးစကားတွေ ပြောဆိုရင်း ခိုးယူနေတာပဲ။ ရာသီဥတု ပြောင်းလဲမှုအရေးမှာ အရေးတယူ မလုပ်လာရင်တော့ ဆန္ဒပြပွဲတွေ ဆက်လက်ဆင်နွှဲသွားမှာ ဖြစ်တယ်။”လို့ ကုလသမဂ္ဂမှာ မျက်ရည်ဝဲရင်း ဒေါသအပြည့်နဲ့ တန်းဘတ်က ပြောဆိုသွားခဲ့တာ ဖြစ်ပါတယ်။
 

Mizzima Key Campaign မှာ ပါဝင်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ Visit Our website: http://building.mizzimafoundation.org/

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly