ဗုဒ္ဓဂါယာသို့ဘုရားဖူးသွားရောက်မည့်ဧည့်သည် ယခင်နှစ်ထက်တိုးမြင့် လာမည်ဟု ခန့်မှန်း

ဗုဒ္ဓဂါယာသို့ဘုရားဖူးသွားရောက်မည့်ဧည့်သည် ယခင်နှစ်ထက်တိုးမြင့် လာမည်ဟု ခန့်မှန်း

ရန်ကုန်၊ စက်တင်ဘာ ၂၆ ။            ။ လာမည့်ခရီးသွားရာသီအတွက် ဗုဒ္ဓဂါယာသို့သွားရောက်မည့် မြန်မာနိုင်ငံမှ ခရီးသွားဧည့်သည် ပမာဏ သည် လေးသောင်းကျော် အထိ တိုးမြင့်လာရန်မျှော်မှန်းထားကြောင်း ဗုဒ္ဓဂါယာ ဘုရားဖူးလုပ်ငန်း ကော်မတီမှ သိရသည်။

အောက်တိုဘာလ(၁)ရက်နေ့မှ ဧပြီလအတွင်း နှစ်စဉ် ခရီးသွားရာသီအဖြစ်သတ်မှတ်ထားပြီး၊ ၂၀၁၇ -၂၀၁၈ ခရီးသွားရာသီတွင် ခရီးသွားဧည့်သည် သုံးသောင်းခန့် ရှိခဲ့ကြောင်း ပြီးခဲ့သည့်၂၀၁၈-၂၀၁၉ ခရီးသွားရာသီတွင် လူဦးရေ သုံးသောင်းကျော်အထိ သွားရောက်မှုရှိခဲ့ကြောင်း အဆိုပါကော်မတီ၏ ဥက္ကဋ္ဌ ဦးမောင် မောင့်မြင့်က ဆိုသည်။

“ သက်ဆိုင်ရာ အိန္ဒိယသံရုံး ၊ ဗီဇာဌာနရဲ့ မှတ်တမ်းတွေအရ ပြောရတာပါ။ မနှစ်ကသုံးသောင်းကျော် သွားခဲ့တယ်။ ဒီနှစ်ကို လေးသောင်းကျော်ထိ ခန့်မှန်းတယ်။ ဘာကြောင့်လဲဆိုတော့ လေကြောင်းလိုင်း တွေ တိုးတက်လာပြီး၊ လူတွေလဲ ပိုပြီးတော့ သွားလာနိုင်ပြီ။ လေကြောင်းလိုင်းစျေးတွေက ကျလာပြီ။ ဒေါ်လာ စျေးတက်တာတော့ ရှိတာပေါ့။ ဒါပေမယ့် လူပိုများလိမ့်မယ်လို့ ခန့်မှန်းပါတယ်” ဟု ၄င်းက ဆိုသည်။

ယခုနှစ်တွင်ဗုဒ္ဓဂါယာသို့သွားရောက်သည့် လေကြောင်းလိုင်းတိုးချဲ့လာခြင်း ၊ နိုင်ငံကူးလက်မှတ်နှင့် ဗီဇာကိစ္စရပ်များဆိုင်ရာ ဖြေလျော့ပေးခြင်းများ ရှိခဲ့ကြောင်းသိရသည်။

“ဒီနှစ်မှာ ကျွန်တော်တို့က ကျွန်တော်တို့အဖွဲ့ဝင်တွေအတွက်ကို နိုင်ငံကူးလက်မှတ်ကိစ္စတွေ လွယ်ကူ အောင်လုပ်ပေးတယ်။ ဗီဇာကိစ္စတွေ အဆင်ပြေအောင်လုပ်ပေးတယ်။ညှိနှိုင်းပေးတယ်။ ဒီလုပ်ငန်းကို လုပ်တဲ့သူတွေကလဲများလာတယ်။ အရင်ကဆိုရန်ကုန်လောက်ပဲ ကွက်ပြီးလုပ်ကြကိုင်ကြတာ ခုဆို တစ်ပြည်လုံး အတိုင်းအတာနဲ့ လုပ်ကိုင်လာကြတယ်၊ အဲတော့လူတွေပိုသိလာတယ်” ဟု ဦးမောင် မောင်မြင့် က ဆက်လက်ပြောဆိုသည်။

လက်ရှိ ပြည်တွင်းတွင် ဗုဒ္ဓဂါယာ ဘုရားဖူးပို့ဆောင်ရေး လုပ်ငန်းပေါင်း ၂၀၀ ဝန်းကျင်ရှိနေပြီး၊ ဗုဒ္ဓဂါယာ ဘုရားဖူးလုပ်ငန်းကော်မတီအဖွဲ့ဝင် ၈ဝကျော်ရှိကြောင်းသိရသည်။ အိန္ဒိယ နှင့် နီပေါ ဗုဒ္ဓဂါယာ ဘုရားဖူး ၁၄ ညအိပ် ၁၅ရက်ခရီးစဉ်ဝန်ဆောင်ခ နှုန်းထားမှဗာ အကြမ်းဖျဉ်းအားဖြင့် ၁၂သိန်း ၆ သောင်းကျပ် ဝန်းကျင်ရှိကြောင်း သိရသည်။

Mizzima Key Campaign မှာ ပါဝင်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ Visit Our website: http://building.mizzimafoundation.org/

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly