ပစ်ချဖမ်းဆီးမိတဲ့ ဒရုန်းယာဉ်တွေကို ချပြရင်း အီရန်က စစ်အင်အား ပြသ

ပစ်ချဖမ်းဆီးမိတဲ့ ဒရုန်းယာဉ်တွေကို ချပြရင်း အီရန်က စစ်အင်အား ပြသ

တီဟီရန်၊ စက်တင်ဘာ ၂၆ ။         ။ အီရန်နိုင်ငံဟာ လုံခြုံရေးတပ်ဖွဲ့ဝင်တွေ ပစ်ချနိုင်၊ ဖမ်းဆီးနိုင်ခဲ့တဲ့ ဒရုန်းယာဉ်တွေကို ခင်းကျင်းပြသရင်း ၎င်းရဲ့ စစ်အင်အားကို ပြသလာပါတယ်။

အများစုက အမေရိကန်နိုင်ငံကဖြစ်တဲ့ ဒရုန်းယာဉ် ဆယ်စင်းရဲ့ အပျက်အစီးတွေကို ခင်းကျင်းပြသရင်း အနောက်အုပ်စုကို အီရန်နိုင်ငံက ၎င်းရဲ့ စစ်အင်အားကို ပြသလိုက်တာပဲ ဖြစ်ပါတယ်။

ဒီ ခင်းကျင်းပြသထားတဲ့ ဒရုန်းယာဉ် အပျက်အစီးတွေမှာ ရှစ်စင်းက အမေရိကန် ဒရုန်းတွေဖြစ်ပြီး ဗြိတိန်က တစ်စင်း၊ အစ္စရေးက တစ်စင်းစီ ဖြစ်ပါတယ်။ ထောက်လှမ်းရေးဒရုန်းယာဉ်ကနေ လျှပ်စစ်သံလိုက်လှိုင်းတွေကို ထောက်လှမ်းရာ၊ သတင်းအချက်အလက်တွေနဲ့ အချက်ပြစနစ်တွေကို စုဆောင်ရာ အမျိုးမျိုးသော ဒရုန်းယာဉ်တွေပဲ ဖြစ်ပါတယ်။

ဒီ ဒရုန်းတွေကို အစ္စလာမ္မစ်တော်လှန်ရေးနှင့် မြင့်မြတ်တော် ကာကွယ်ရေး ပြတိုက်မှာ အများပြည်သူကို သီတင်းနှစ်ပတ်တာ ခင်းကျင်းပြသတာ ဖြစ်ပါတယ်။

“အခု ဒရုန်းတွေကို ခင်းကျင်းပြသတာဟာ ရန်သူတွေရယ်၊ အီရန်နိုင်ငံတော်ကို ခြိမ်းခြောက်လာသူတွေအတွက် သင်ခန်းစာအနေနဲ့ ပြသတာ ဖြစ်တယ်။”လို့ အစ္စလာမ္မစ်တော်လှန်ရေးအစောင့်တပ်မှ လေတပ် တပ်မှူး အမီယာအလီဟာဂျီဇာဒက်ရှ်က ပြောခဲ့ပါတယ်။

Mizzima Key Campaign မှာ ပါဝင်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ Visit Our website: http://building.mizzimafoundation.org/

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly