အင်းစိန် နိုင်/ကျဉ်းများ၏ သမိုင်းဝင်ထောင်တွင်းသပိတ်တိုက်ပွဲ (၂၉) နှစ်မြောက် အထိမ်းအမှတ် တွေ့ဆုံပွဲ ကျင်းပ

အင်းစိန် နိုင်/ကျဉ်းများ၏ သမိုင်းဝင်ထောင်တွင်းသပိတ်တိုက်ပွဲ (၂၉) နှစ်မြောက် အထိမ်းအမှတ် တွေ့ဆုံပွဲ ကျင်းပ
ဓာတ်ပုံ - သက်ကို

ရန်ကုန်၊ စက်တင်ဘာ ၂၅ ။         ။ ၁၉၉၀ စက်တင်ဘာ(၂၅)တွင် ကျရောက်သော စစ်အာဏာရှင်ခေတ် အင်းစိန်အကျဉ်းထောင် နိုင်ငံရေး အကျဉ်းသားများ၏ သမိုင်းဝင်ထောင်တွင်းသပိတ်တိုက်ပွဲ (၂၉) နှစ်မြောက် အထိမ်းအမှတ်တွေ့ဆုံပွဲ အခမ်းအနားကို စက်တင်ဘာလ ၂၅ရက် နေ့လယ် ၁နာရီက ရန်ကုန်မြို့ရှိ M3 Food Center တွင် ပြုလုပ်ကျင်းပခဲ့သည်။

နိုင်ငံရေးအကျဉ်းသားများ၏ အင်းစိန်အကျဉ်းထောင်တွင်း သမိုင်းဝင် သပိတ်တိုက်ပွဲအကြောင်းကို ကိုယ်တိုင် ပါဝင်ခဲ့သော ကိုသန့်ဇော်က ''ထောင်သပိတ်'' အမည်ဖြင့် စာအုပ်တစ်အုပ်ကိုရေးသားထုတ်ဝေခဲ့ပြီး မကြာခင် ရုပ်ရှင်ဇာတ်လမ်းရိုက်ကူးရေးအတွက် စီစဉ်နေကြောင်း သိရသည်။

၂၉နှစ်ပြည့် ထောင်တွင်းသပိတ် အခမ်းအနားကို ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက တက်ရောက် စကားပြောကြားခဲ့ပြီး သပိတ်တိုက်ပွဲမှာ ပါဝင်ခဲ့ကြတဲ့ ရဲဘော်များလည်း တက်ရောက်ခဲ့ကြသည်။

''ဒီဇာတ်လမ်းတွကို  အောင်အောင်မြင်မြင်နဲ့ ရိုက်ကူးပြီးတော့ ပြည်သူလူထုကို အသိပေးနိုင်ခြင်းဟာ သမိုင်း မှတ်တမ်းတစ်ခုကို အသိပေးနိုင်ခြင်းပဲ ဖြစ်ပါတယ်။ ဒီသမိုင်းမှတ်တမ်းဟာ ကျွန်တော်တို့ရဲ့ အတိတ်ကို အားလုံး သိရှိ သင်ခန်းစာယူနိုင်ပြီး အနာဂတ်ကို အကောင်းဆုံးဖြစ်အောင် ဆောင်ရွက်သွားကြဖို့ ဖြစ်ပါတယ်။ ဒီအပေါ်မှာ ကျွန်တော်တို့အတွက် လွမ်းမောဖွယ်ရာတွေ ကြေကွဲဖွယ်ရာတွေ ပေးဆပ်သွားတဲ့သူတွေနဲ့ ပတ်သတ်တဲ့ ခံစား ချက်တွေ ရှိကောင်းရှိနိုင်ပါတယ်။ ဒါပေမယ့် ဒီရုပ်ရှင်ကားဟာ သင်ခန်းစာယူပြီး အနာဂတ်ကို ဘယ်လိုအ ကောင်းဆုံး ပုံဖော်ကြမလဲဆိုတဲ့အတွေးကို မီးမှောင်းထိုးပြပေးနိုင်မယ်ဆိုရင် အတိတ်က ဖြတ်သန်းပေးဆပ်ခဲ့သူ တွေအတွက် တာဝန်ကျေပါတယ်လို့ ကျွန်တော့်အနေနဲ့ ယူဆမိပါတယ်။''  ဟု ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း ကပြောသည်။

ရှစ်လေးလုံးအရေးတော်ပုံကို အမှီပြုပြီး သူရဲကောင်းတွေကို၊ တိတ်တဆိတ် အကျိုးပြုပေးခဲ့တဲ့ သူရဲကောင်းတွေ ကို ဂုဏ်ပြုတဲအနေနဲ့ 8 seconds silent ခေါင်းစဉ်နဲ့ ဇာတ်လမ်းကို ပုံဖော်သွားမယ်လို့ သိရပါတယ်။ ဒီရုပ်ရှင် ဇာတ်လမ်းတွဲအတွက် ဇာတ်လမ်းခွင့်ပြုချက်ရရှိထားပြီ ဖြစ်ပေမယ့် ရိုက်ကူးခွင့်တော့ မရရှိသေးဘူးလို့ သိရပါ တယ်။

''ဇာတ်ကားက ပြောရရင် အစိုးရနဲ့ ပတ်သတ်မှုမရှိပါဘူး။ သီးခြားပါပဲ။ သို့သော်လည်း အစိုးရအဖွဲ့ကတော့ ဒီ ဇာတ်ကားရိုက်ကူးတဲ့အပေါ်မှာ ကန့်ကွက်တာတွေ မရှိပါဘူး။ အစိုးရကိုယ်တိုင်ကလည်း ပထမဆုံး ဇာတ်လမ်းနဲ့ ဇာတ်ညွှန်းပိုင်းကို ခွင့်ပြုပေးထားတယ်။ ဝန်ကြီးချုပ်ကိုယ်တိုင်းကလည်း တက်ရောက် အမှာစကားပြောကြား တာ ဖြစ်တဲ့အတွက် ဒါက သဘောထား ထပ်တူကျတယ်ဆိုတာ ပြောနိုင်ပါတယ်။" ဟု မင်္ဂလာတောင်ညွှန့် မြို့နယ် မဲဆန္ဒနယ်အမှတ်(၁)မှ လွှတ်တော်ကိုယ်စားလှယ် ဦးလှဋ္ဌေးကပြောသည်။

၁၉၈၈ခုနှစ် သြဂုတ်လ ဒီမိုကရေစီ အရေးတော်ပုံနောက်ပိုင်းတွင် အာဏာသိမ်းစစ်အစိုးရမှ ၁၉၉၀ ရွေးကောက် ပွဲ ၌ အနိုင်ရပါတီကို အာဏာမအပ်နှင်းဘဲ ရွေးချယ်ခံကိုယ်စားလှယ်များအား နဝတအစိုးရက ကျင်းပပေးမည့် အမျိုးသားညီလာခံကို တက်ရောက်ကာ အခြေခံဥပဒေရေးဖို့သာ ဖြစ်တယ်ဆိုသည့် ကြေညာချက်ကြောင့် ထောင်တွင်း ထောင်ပြင် ဆန့်ကျင်မှုများဖြင့် ထောင်တွင်းသပိတ်ကို ရရက်တာ ပြုလုပ်ခဲ့ကြကြောင်း သိရသည်။

''ဖြစ်ရပ်မှန် ဇာတ်လမ်းဖြစ်တယ်။ ဖြစ်ရပ်မှန်မှာ ပါဝင်တဲ့သူတွေက သက်ရှိထင်ရှားရှိနေတဲ့အတွက်ကြောင့် တစ် ဖက်က ပြောရရင် အတုအယောင်ဆောင်ပြီးတော့ ဖန်တီးထားတဲ့ ဇာတ်လမ်းတွေကို ကျွန်တော်တို့လွှမ်းကို လွှမ်းမိုးနိုင်မှာပါ။ လှိုင်းကြီးလေထန် ဖြစ်ရပ်မှန်လို ဇာတ်လမ်းမျိုးက စစ်အာဏာရှင်တွေ သုံးခဲ့တဲ့ စကားလုံး။ စစ်အာဏာရှင်တွေ အလိုကျဖန်တီးခဲ့တာ ဇာတ်လမ်းတွေ ဇာတ်ညွှန်းတွေနဲ့ လုပ်သွားတာ။ ဖြစ်ရပ်မှန် မဟုတ်ပါ ဘူး။ ဖြစ်ရပ်မှန်ဆိုတာ ဘယ်နေ့ဘယ်ချိန် ဘယ်နေရာမှာ ဘယ်ဖြစ်ရပ်က ဘယ်လို ဖြစ်ခဲ့တယ်ဆိုတာကို တိတိ ကျကျမှန်မှန်ကန်ကန် ထုတ်ဖော်ပြသဖို့ လိုတယ်။ ဒီမိုကရေစီအင်အားစုတွေဘက်က ရိုက်ကူးတဲ့ ဇာတ်လမ်း တွေက တိတိကျကျ ခိုင်ခိုင်မာမာ ထုတ်ဖော်ပြသနိုင်တယ်။ တစ်ဖက်မှာက အဲ့လိုထုတ်ဖော်ပြသနိုင်တဲ့ အခြေအ နေ မရှိပဲနဲ့ ဒီမိုကရေစီတော်လှန်ရေး တိုက်ပွဲဝင်ခဲ့တဲ့သူတွေ၊ ဒီမိုကရေစီကို ချစ်မြတ်နိုးတဲ့ ပြည်သူတွေကို သူတို့ အယူအဆတွေကို ရိုက်သွင်းလို့ ရမလားလို့ ကြိုးစားဖန်တီးရိုက်တဲ့ ဇာတ်လမ်းအတုတွေပါပဲ။ '' ဟု ဦးလှဋ္ဌေးက ဆက်ပြောသည်။

အဆိုပါရုပ်ရှင်ဇာတ်လမ်းတွဲကို အင်းစိန်အကျဉ်းထောင် နိုင်ငံရေးအကျဉ်းသားများရဲ့ သမိုင်းဝင် ထောင်တွင်း သပိတ်တိုက်ပွဲနှစ်(၃၀)ပြည့်တွင် ပြသနိုင်ရန် ဆောင်ရွက်နေပြီး နိုင်ငံတကာအထိ ပြသသွားနိုင်ရေးအတွက် လည်း ရည်ရွယ်ထားကြောင်း သိရသည်။

Mizzima Key Campaign မှာ ပါဝင်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ Visit Our website: http://building.mizzimafoundation.org/

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly