မာလီမှာ လောင်စာတင်ထရပ်ကား ပေါက်ကွဲမှုဖြစ်ပြီး လူ ၇ ဦး သေဆုံးကာ ၅၀ နီးပါး ဒဏ်ရာရ

By AFP
25 September 2019
မာလီမှာ လောင်စာတင်ထရပ်ကား ပေါက်ကွဲမှုဖြစ်ပြီး လူ ၇ ဦး သေဆုံးကာ ၅၀ နီးပါး ဒဏ်ရာရ

ဘာမာကို၊ စက်တင်ဘာ ၂၅ ။           ။ မာလီနိုင်ငံမှာ အင်္ဂါနေ့က လောင်စာတင်ထရပ်ကားတစ်စီး ပေါက်ကွဲမှုဖြစ်ရာမှာ လူ ၇ ဦး သေဆုံးပြီး ၅၀ နီးပါး ဒဏ်ရာရပါတယ်။

လောင်စာဆီ ၁၄၀၀၀ လီတာ တင်ဆောင်လာတဲ့ ကားဟာ ဆီဆိုင်တစ်ဆိုင်နဲ့ ဟိုတယ်တစ်လုံးနားမှာ ပေါက်ကွဲမှုဖြစ်တာလို့ အစိုးရက ထုတ်ပြန်ပြီး ပေါက်ကွဲရသေး အကြောင်းရင်း မသိရသေးပါလို့ ပြောပါတယ်။

ရိုက်တာသတင်းတစ်ရပ်မှာတော့ ဆီတင်ကားဟာ ဆိုင်ကယ်တစ်စီးကို ရှောင်လိုက်ချိန် ထိန်းချုပ်မှုမဲ့သွားပြီး တိမ်းမှောက်ရာက မီးလောင်ကျွမ်း ပေါက်ကွဲတာ ဖြစ်တယ်လို့ ဆိုပါတယ်။

တိမ်းမှောက်တဲ့ ဆီတင်ကားကို မတင်ဖို့ ကြိုးစားနေချိန် မီးလောင်ပေါက်ကွဲကြောင်း မျက်မြင်တွေက ပြောပါတယ်။

ဒီ မီးလောင်ပေါက်ကွဲမှုကြောင့် သေဆုံးသူ ၇ ဦး ရှိပြီး ဒဏ်ရာရသူ ၄၆ ဦး ရှိတယ်လို့ ဆက်သွယ်ရေးဝန်ကြီးနဲ့ အစိုးရပြောခွင့်ရသူ ယာယာဆန်ဂါရီက ပြောပါတယ်။

ဒဏ်ရာရသူတွေထဲက ၄၂ ဦးကို ဂါဘရီအယ်တက္ကသိုလ်ဆေးရုံကို တင်ပို့ထားပြီး လေးဦးကိုတော့ ဘာမာကိုမြို့တော်က မာလီဆေးရုံဆီ တင်ပို့ပေးထားကြောင်း သိရပါတယ်။

Mizzima Key Campaign မှာ ပါဝင်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ Visit Our website: http://building.mizzimafoundation.org/

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly