ဗန်ဟားလ်လက်အောက်တွင် ဒီပေးမန်ယူဂန္ထဝင်ဖြစ်လာနိုင်ဟု ဒီဘိုးဝါးထောက်ခံ

ဗန်ဟားလ်လက်အောက်တွင် ဒီပေးမန်ယူဂန္ထဝင်ဖြစ်လာနိုင်ဟု ဒီဘိုးဝါးထောက်ခံ

အောက်တိုဘာ ၁၅၊ မန်ချက်စတာ ။           ။ ဒီပေးသည် နည်းပြဗန်ဟားလ်၏လက်အောက်တွင် မန်ယူအသင်း၏ ဂန္ထဝင်ကစားသမား ဖြစ်လိမ့်မည်ဟု ဖရန်ဒီဘိုးဝါးက ထောက်ခံပြောဆို လိုက်သည်။

ဒီပေးသည် ၂၀၁၄-၁၅ ဘောလုံးရာသီတွင်သွင်းဂိုး ၂၂ ဂိုးဖြင့်နယ်သာလန်လိဂ်ဂိုးအများဆုံးသွင်းသူဖြစ်ခဲ့ပြီး ၎င်း၏ပီအက်စ်ဗွီအသင်းမှာလည်း ဒီဘိုးဝါး၏ အေဂျက်အသင်းကိုကျော်ကာ ချန်ပီယံဖြစ်ခဲ့သည်။

ဒီဘိုးဝါးက အသက် ၂၁ အရွယ်ကစားသမားအနေဖြင့် မန်ယူအသင်းတွင်အောင်မြင်မှုရလိမ့်မည်ဖြစ်ပြီး ဗန်ဟားလ်မှာအသင့်တော်ဆုံးနည်းပြ ဖြစ်သည်ဟု ယုံကြည်နေသည်။

"ဒီပေးက အဲဒီလိုနည်းပြမျိုးနဲ့လိုတာပါ။ သူကစိတ်ဓါတ်ကောင်းတယ်။ ငယ်ရွယ်သေးချိန်မှာတောင် ဘယ်လိုလုပ်ရင်သူ့အတွက်ပိုကောင်းတယ် ဆိုတာ သိပါတယ်။ ဗန်ဟားလ်က သူ့အတွက် သင့်တော်သူပါ။ ဒီပေးက လျှင်မြန်တယ်၊ နည်းစနစ်ပိုင်တယ်၊ ဂိုးသွင်းနိုင်ပြီး ကြံ့ခိုင်မှုလည်း ကောင်းတယ်။ အဲဒီလိုအရာတွေကိုပိုင်ဆိုင်ထားတဲ့သူဟာ မန်ယူအသင်းမှာ   အောင်မြင်တဲ့ ကစားသမားဖြစ်လာမယ်လို့ ကျွန်တော်ထင်တယ်။ ပုံမှန်အားဖြင့် ဒဏ်ရာမရအောင်ရှောင်ကစားနိုင်သလို သူ့အသက်အရွယ်နဲ့ ပီအက်စ်ဗွီမှာ ပွဲတွေအများကြီး ကစားခဲ့တယ်"ဟု ဒီဘိုးဝါးက ပြောသည်။

ဒီပေးသည် မန်ယူအသင်းအတွက်ပြိုင်ပွဲစုံ ၁၃ ပွဲကစားထားပြီး လေးဂိုးသွင်းယူပေးထားသည်။

Ref ; ဂိုးလ်ဒေါ့ကွန်း

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly