China Today မဂ္ဂဇင်းမျက်နှာဖုံးဒီဇိုင်း ဖော်ပြချက်အတွက် အရေးယူပေးရန် တင်ပြထား

China Today မဂ္ဂဇင်းမျက်နှာဖုံးဒီဇိုင်း ဖော်ပြချက်အတွက် အရေးယူပေးရန် တင်ပြထား

မန္တလေး စက်တင်ဘာ ၂၄ ။          ။ ၂၀၁၉ခုနှစ် ဇွန်လထုတ် Chin Today မဂ္ဂဇင်း အတွဲ ၂ အမှတ် ၈ မျက်နှာဖုံးတွင်မန္တလေးနန်းမြို့ရိုးပုံကို ကျုံးရေပြင်၌ တရုတ်နန်းမြို့ရိုးပုံ ရောင်ပြန်သည့်သဘော သရုပ်ဖော်ထားသည့် ဒီဇိုင်းနှင့် ပက်သက်၍ အရေးယူဖြေရှင်းပေရန် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနသို့ တင်ပြထားကြောင်း ဝန်ကြီးချုပ်ဒေါက်တာဇော်မြင့်မောင်က မဇ္ဈိမကိုပြောသည်။

အဆိုပါ မဂ္ဂဇင်းသည် ရန်ကုန်မြို့ အခြေစိုက် ထုတ်ဝေလျှက်ရှိသည့် မဂ္ဂဇင်းလည်းဖြစ်သည်။

"China Today ကာဗာပုံကိစ္စ ကျွန်တော့်ဆီကို သူတို့ဘက်ကဖြေရှင်းချက်လာတယ်။ နှစ်နိုင်ငံယဉ်ကျေးမှု ဖလှယ်ရေးအရ မန္တလေးမှာရှိတဲ့နန်းတော်လိုမျိုး သူတို့ဆီမှာလည်း ဒီလိုနန်းတော် ရှိပါတယ်ဆိုပြီးပြချင်လို့ ဒါကိုထုတ်ဝေလိုက်တာလို့ပြောတယ်။ ဒါပေမယ့်ပြည်သူတွေရဲ့တုန့်ပြန်ချက်က တစ်မျိုးမြင်တယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး ပြည်ထောင်စုကိုတင်လိုက်ပါပြီ။ ဒါကျွန်တော်ရဲ့လုပ်ပိုင်ခွင့်ပဲ။

သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနကို ပြောလိုက်တယ်။ ဒါကိုဘယ်လိုအရေးယူဆောင်ရွက်မလဲပေါ့။ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနကတော့ ဘယ်လိုလာမလဲဆိုတာမသိဘူး။ သူတို့သိသင့်တယ် ထင်လို့လေ " ဟု မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ်ကပြောသည်။

အဆိုပါ မဂ္ဂဇင်း မျက်နှာဖုံးကိစ္စနှင့် ပတ်သက်ပြီး ပြည်ထောင်စုအဆင့်မှ တရုတ်သံရုံးကိုခေါ်ယူ သတိပေး၍ ရနိုင်ကြောင်းလည်း ဒေါက်တာဇော်မြင့်မောင်က ပြောသည်။

Chin Today မဂ္ဂဇင်း မျက်နှာဖုံးနှင့်ပတ်သက်ပြီး မန္တလေးမြို့ခံ ပြည်သူလူထုကြားတွင်လည်း ဝေဖန်မှုများ မြင့်တက်နေပြီး အဆိုပါဖော်ပြမှုအတွက် မန္တလေးမြို့ခံ သတင်းမီဒီယာများကလည်း ကန့်ကွက်ရှုံချကြောင်းနှင့် တိုင်းဒေသကြီးအစိုးရ၏ ဆောင်ရွက်မှုအပေါ် စောင့်ကြည့်နေသည်ဟု ရွှေမန္တလေး သတင်းဂျာနယ် အမှုဆောင်အရာရှိချုပ် ဦးထွန်းဝင်(ကိုကိုတွယ်တာ)က မဇ္ဈိမကိုပြောသည်။

"မန္တလေးပေါ်မှာ သူတို့ ဘယ်လို သဘောထားတယ်ဆိုတာ ပေါ်လွင်တာပေါ့။သူတို့ ဂရိတ်ဝေါကြီးကို ပုံဖျက်မယ်ဆို ကြိုက်မှာလား"ဟု မန္တလေးမြို့ခံတစ်ဦးဖြစ်သူ ဦးလင်းလင်းထွန်း(လပြည့်)က ပြောသည်။

Mizzima Key Campaign မှာ ပါဝင်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ Visit Our website: http://building.mizzimafoundation.org/

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly