ချောင်းရေနှင့်မျော်ပါသွားသည့် ဒိုင်နာယာဉ် ဧရာဝတီမြစ်ဝအထိရောက်သွား

ချောင်းရေနှင့်မျော်ပါသွားသည့် ဒိုင်နာယာဉ် ဧရာဝတီမြစ်ဝအထိရောက်သွား

မကွေးတိုင်းဒေသကြီး ချောက်၊ ညောင်ဦးကားလမ်းပေါ်ရှိ စဉ့်ကူချောင်းတွင် ဒိုင်နာယာဉ်တစ်စီး ချောင်းရေနှင့် မျောပါသွားခဲ့ရာ ဧရာဝတီမြစ်ဝထိပ်အထိ ရောက်ရှိခဲ့သည်ဟု ညောင်ဦးမြို့နယ် စဉ့်ကူနယ်မြေရဲစခန်းမှ သိရသည်။

အဆိုပါ ဖြစ်စဉ်သည် စက်တင်ဘာလ ၂၄ ရက် နံနက် လေးနာရီအချိန်ခန့်က ဖြစ်ပွားခဲ့ခြင်း ဖြစ်ပြီး ယာဉ်မောင်းဦးကံချင်းသည် စဉ့်ကူးချောင်းကို ဖြတ်မောင်းစဉ် သဲနစ်သဖြင့် တူးဖော်နေချိန် ချောင်းရေကျလာသည့်အတွက် မျောပါသွားခဲ့ခြင်းဖြစ်သည်။ မော်တော်ယာဉ် မျောပါသည့် နေရာနှင့် ဧရာဝတီမြစ်ဝထိပ်သည် တစ်မိုင်ကျော်ခန့် ကွာဝေးသည်။

မျောပါသွားသည့် ဒိုင်နာယာဉ် ပြန်လည်ဆယ်ယူနိုင်ရေးအတွက် ချောက်မြို့ရဲတပ်ဖွဲ့မှူး ရဲမှူး သိန်းဌေးဝင်း၊ ချောက်မြို့မ စခန်းမှူး ဒုရဲမှူး လှနောင်၊ စဉ့်ကူနယ်မြေရဲစခန်းမှူး ဒုရဲအုပ်လွင်မောင်၊ ချောက်မီးသတ်တပ်ဖွဲဲ့၊ စဉ့်ကူမီးသတ်တပ်ဖွဲ့တို့က ကူညီဆောင်ရွက်လျှက်ရှိသည်ဟု ချောက်မြို့မရဲစခန်းထံက သိရသည်။

မိုးသဲထန်စွာရွာသွန်းခဲ့၍ ချောင်းရေကျသဖြင့် စဉ့်ကူချောင်းလမ်းပိုင်းပျက်စီးနေသောကြောင့် လမ်းပိုင်းပြန်လည်ပြုပြင်ရေးလုပ်ငန်း ဆောင်ရွက်လျှက်ရှိပြီး ယာယီပတ်လမ်းဖြင့် မော်တော်ယာဉ်ငယ်များ ဖြတ်သန်းသွားလာနိုင်သော်လည်း ခရီးသည်ယာဉ်ကြီးများနှင့် ကုန်စည်တင်ယာဉ်ကြီးများ ဖြတ်သန်းရန် အခက်အခဲဖြစ်နေ၍ မော်တော်ယာဉ် ဆယ် စီးကျော် ရပ်နားထားရသည်။

Mizzima Key Campaign မှာ ပါဝင်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ Visit Our website: http://building.mizzimafoundation.org/

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly