ဆော်ဒီအာရေဗျရဲ့ မေတ္တာရပ်ခံချက်ကြောင့် အမေရိကန် တပ်တွေ စေလွှတ်မယ်

By AFP
21 September 2019
ဆော်ဒီအာရေဗျရဲ့ မေတ္တာရပ်ခံချက်ကြောင့် အမေရိကန် တပ်တွေ စေလွှတ်မယ်

၀ါရှင်တန်၊ စက်တင်ဘာ ၂၁ ။          ။ ဆော်ဒီအာရေဗျနိုင်ငံနဲ့ ယူအေအီးနိုင်ငံတို့ရဲ့ မေတ္တာရပ်ခံ တောင်းဆိုချက်ကြောင့် အမေရိကန်စစ်ကူတပ်တွေကို ပင်လယ်ကွေ့သို့ စေလွှတ်မှာ ဖြစ်တယ်လို့ ကာကွယ်ရေးဝန်ကြီး မတ်အီစပါက ပြောပါတယ်။

အီရန်ကို အပြစ်ဆိုထားတဲ့ ဆော်ဒီက ရေနံစက်ရုံတွေ တိုက်ခိုက်ခံရပြီးနောက်မှာ ခုလို စစ်တပ်စေလွှတ်မယ်လို့ အမေရိကန်က ထုတ်ပြန်လာတာပဲ ဖြစ်ပါတယ်။

တပ်ဖွဲ့ဝင်တွေ ဖြန့်ကြကစေလွှတ်တာဟာ ကာကွယ်ရေးအတွက် ဖြစ်တယ်လို့ ဝန်ကြီး အီစပါက သတင်းထောက်တွေကို ပြောပါတယ်။ တပ်အင်အား ဘယ်လောက်အထိ စေလွှတ်မယ်ဆိုတာတော့ မဆုံးဖြတ်ရသေးဘူးလို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ်က ဖြစ်ပွားတဲ့ ဆော်ဒီရေနံစက်ရုံတွေ တိုက်ခိုက်ခံရမှုမှာ ယီမင်က အီရန်ထောက်ခံတဲ့ ဟူသီသူပုန်တွေက ၎င်းတို့လက်ချက်ဖြစ်တယ်လို့ ထုတ်ပြန်ထားပါတယ်။

ဒါပေမယ့် အမေရိကန်နဲ့ ဆော်ဒီအာရေဗျကတော့ အီရန်ကို အပြစ်ဆိုထားတာ ဖြစ်ပါတယ်။

သောကြာနေ့ အစောပိုင်းမှာ အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်က စစ်ရေးအရ ထိပ်တိုက်တွေ့မှာကို ရှောင်လိုတယ်တယ်ဆိုပြီး အီရန်ကို အမြင့်ဆုံးအဆင့် ဒဏ်ခတ်ပိတ်ဆို့မှုတွေ ချမှတ်ကြောင်း ကြေညာခဲ့တာလည်း ဖြစ်ပါတယ်။
 

Mizzima Key Campaign မှာ ပါဝင်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ Visit Our website: http://building.mizzimafoundation.org/

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly