ရန်ကုန်၊ စက်တင်ဘာ ၂၀ ။ ။ IndiaTV ရဲ့နိုင်ငံတကာ လေကြောင်းပျံသန်းခရီးစဉ်တွေ ချဲ့ထွင်ခြင်းအဖြစ် IndiGo လေကြောင်းလိုင်းဟာ ကိုလ်ကတ္တား ကနေ မြန်မာနိုင်ငံရန်ကုန်မြို့သို့ နေ့စဉ်တိုက်ရိုက် ပျံသန်းမည့် လေကြောင်းခရီးစဉ်ကို သောကြာနေ့မှာ စတင်ပျံသန်းပြီ ဖြစ်ပါတယ်။
IndiGo အတွက် မြန်မာလေကြောင်းခရီးစဉ်ဟာ ပဥၥမမြောက် အရှေ့တောင်အာရှ ခရီးစဉ်ပြေးဆွဲမှုဖြစ်ပါတယ်။ အခု လေကြောင်းလိုင်းသစ်မှာ လုပ်ငန်းကိစ္စနှင့် အားလပ်ရက် ခရီးသွားစီးနင်းသူတွေကို ကောင်းမွန်တဲ့ အကျွေးအမွေးတွေနဲ့ ဧည့်ခံမှာ ဖြစ်တယ်လို့ IndiGo ထုတ်ပြန်ပါတယ်။
အိန္ဒိယနဲ့ မြန်မာကြား တိုက်ရိုက်ပျံသန်းတဲ့ လေယာဉ်ခရီးစဉ်အတွက် လက်မှတ်ခကတော့ ရူပီးငွေ ၅၉၉၉ ဖြစ်ပါတယ်။ ရန်ကုန် လေဆိပ်သို့ စက်တင်ဘာ ၂ဝရက် မွန်းလွဲ ၂ နာရီ ၁၅ မိနစ် ဝန်းကျင်မှာ ပထမဆုံး ကိုလ်ကတ္တား-ရန်ကုန် လေကြောင်းလိုင်းရဲ့ A320 လေယာဉ် ဆင်းသက်ခဲ့ပါတယ်။
မြန်မာနိုင်ငံဟာ ဗုဒ္ဓဘာသာအများစုဖြစ်ပြီး အခု လေကြောင်းလိုင်းသစ်က နှစ်နိုင်ငံကြားက ဗုဒ္ဓဘာသာယဉ်ကျေးမှု ကွင်းဆက်ကို တိုက်ရိုက်ဆက်သွယ်ပေးနိုင်လိမ့်မယ်လို့ IndiGo ရဲ့ လုပ်ငန်းတာဝန်ခံအရာရှိ William Boulter က ပြောပါတယ်။
“ရန်ကုန်ဟာ မြန်မာနိုင်ငံရဲ့ အကြီးဆုံးမြို့ပါ။ အိန္ဒိယနဲ့ မြန်မာနိုင်ငံကြား ကူးလူးဆက်ဆံမှုတွေ တိုးမြင့်ခြင်းက နှစ်နိုင်ငံကြားမှာ ယဉ်ကျေးမှုချင်းဖလှယ်မှုနဲ့ လူမှုရေးပေါင်းစည်းမှုတွေကို မြှင့်တင်ပေးနိုင်မယ်လို့ ကျွန်တော်တို့ ယုံကြည်ပါတယ်။”လို့ ၎င်းက ပြောပါတယ်။
IndiGo ရဲ့ လေကြောင်းခရီးစဉ်တွေဟာ ရန်ကုန်အပြင် အစ္စတန်ဘူလ်(တူရကီ)၊ ဂျဒတ်(ဆော်ဒီအာရေဗျ)နဲ့ ချန်ဒူ(တရုတ်)တို့ဆီလည်း တိုက်ရိုက်ပြေးဆွဲနေတာဖြစ်ပါတယ်။ ဒီအပြင် ဟနွိုင်း၊ ဟိုချီမင်း(ဗီယက်နမ်)နဲ့ ရီယတ်(ဆော်ဒီအာရေဗျ)တို့ဆီပါ အောက်တိုဘာမှာ ပျံသန်းပြေးဆွဲတော့မှာ ဖြစ်ပါတယ်။
Mizzima Key Campaign မှာ ပါဝင်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ Visit Our website: http://building.mizzimafoundation.org/