စက်တင်ဘာ ၁၇ ။ ။ ထိုင်းနိုင်ငံမှာ ပြီးခဲ့တဲ့ သုံးနှစ်လောက်က အငြင်းပွား ဗုဒ္ဓဘုရားကျောင်းတစ်ခုကနေ ကယ်ဆယ်ရွှေ့ပြောင်းခဲ့တဲ့ ကျားကောင်ရေ ၁၄၇ ကောင်အနက် ထက်ဝက်ကျော်ဟာ ယခုအခါ သေဆုံးသွားပြီဖြစ်ကြောင်း တာဝန်ရှိသူတွေက ပြောပါတယ်။
ကျားဘုရားကျောင်းရယ်လို့ ခရီးသွားတွေအကြား နာမည်ကြီးတဲ့ Wat Pha Luang Ta Bua ကျောင်းကနေ ကျားတွေကို ၂၀၁၆ ခုနှစ်က နေရာရွှေ့ပြောင်းခဲ့ပြီးနောက် ယခုအခါမှာ ကျားကောင်ရေ ၈၆ ကောင်ထက်မနည်း သေဆုံးသွားပြီ ဖြစ်ပါတယ်။
အများစုကတော့ နေရာရွှေ့ပြောင်းမှု ဖိစီးမှုဒဏ်ကို ခံနိုင်ရည်မရှိဘဲဖြစ်ခဲ့ပြီးနောက် ဗိုင်းရပ်စ် တစ်မျိုးကြောင့် သေဆုံးတာ ဖြစ်ကြောင်း ထိုင်း တိရစ္ဆာန် ဥယျာဉ်ဌာနက ထုတ်ပြန်ပါတယ်။
ကျားတွေမှာ အချင်းချင်း မျိုးပွားရာကနေ မျိုးဗီဇ ပြဿနာကြောင့်လည်း ခုလို သေဆုံးတာဖြစ်ကြောင်းတာဝန်ရှိသူတွေက ပြောပါတယ်။
Wat Pha Luang Ta Bua ကျောင်းမှာတုန်းကတော့ ကျားတွေကို ခရီးသွားတွေအား ပြပြီး အမြတ်ထုတ်အသုံးချနေတယ်ဆိုပြီး စွပ်စွဲခံခဲ့ရပြီးနောက် ယင်းကျားတွေကို နေရာ ရွှေ့ပြောင်းခဲ့တာ ဖြစ်ပါတယ်။
ယင်းနောက် အဆိုပါ ကျောင်းကို ၂၀၁၆ မှာ ပိတ်ခဲ့ပြီး လက်ရှိအချိန် တရားရင်ဆိုင်နေရဆဲဖြစ်ပါတယ်။
Mizzima Key Campaign မှာ ပါဝင်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ Visit Our website: http://building.mizzimafoundation.org/