စစ်ကိုင်းတွင် ရဟန်းနှစ်ပါး ခိုက်ရန်ဖြစ်ပွားပြီး ဓားထိုးမှု ဖြစ်

စစ်ကိုင်းတွင် ရဟန်းနှစ်ပါး ခိုက်ရန်ဖြစ်ပွားပြီး ဓားထိုးမှု ဖြစ်

မုံရွာ၊ စက်တင်ဘာ ၁၄ ။       ။ စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့၊ မီးရထားရပ်ကွက်ရှိ ဘုန်းကြီးကျောင်းတစ်ကျောင်းတွင် ရဟန်းနှစ်ပါး ခိုက်ရန်ဖြစ်ပွား၍ ဓားထိုးမှုဖြစ်ပွားခဲ့ကြောင်း စစ်ကိုင်းမြို့မရဲစခန်းမှ တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။

ဖြစ်စဉ်မှာ စက်တင်ဘာ ၁၃ ရက်နေ့က ဖြစ်ပွားခဲ့ပြီး ဘုန်းကြီးကျောင်းဝင်းအတွင်း နေအိမ်၌ နေထိုင်သူ အမျိုးသမီးနှင့် ခင်ပွန်းက နေအိမ်နောက်ဖေးမှ ဆိုင်ကယ်လဲသည့် အသံနှင့်အတူ တစ်ဝင်းထဲအတူနေ မောင်ဝမ်းကွဲတော်စပ်တူ ဦးဇင်းဂန္ဓမာ၏ ပြောဆိုသံများ ကြားရသဖြင့်  သွားရောက်ကြည့်ရှုခဲ့သည်ဟု သိရသည်။

မျက်မြင်များ၏ ထွက်ဆိုချက်အရ ကျောင်းတိုက်ရှေ့တွင် ဦးဇင်းဂန္ဓမာမှာ မြေကြီးပေါ်သို့ လဲကျနေပြီး ဦးဇင်း နန္ဒသီဟက ဓားဖြင့်ထိုးနေသည်ကို တွေ့မြင်ရ၍ ကျောင်းတိုက်ဝင်းအတွင်းနေထိုင်သူ အမျိုးသမီးနှင့်ခင်ပွန်းတို့မှ ဝင်ရောက်ဖျန်ဖြေခဲ့သည်ဟု သိရသည်။

ခိုက်ရန်ဖြစ်ပွားမှုကြောင့် ဦးဇင်း ဂန္ဓမာမှာ ခါးဘယ်/ညာ ထိုးသွင်းဒဏ်ရာ၊ ခါးအလယ် ထိုးသွင်းဒဏ်ရာ စုစုပေါင်း ဒဏ်ရာ သုံးချက် ရရှိခဲ့ပြီး စစ်ကိုင်းဆေးရုံမှ မန္တလေးဆေးရုံးသို့(မစိုးရိမ်ရ) လွဲပြောင်းပေးခဲ့ပြီး ဆေးကုသမှုခံယူနေကြောင်း သိရသည်။

လက်ရှိတွင်  ဓားဖြင့်ထိုးသူ ဦးဇင်းနန္ဒဆိုသူအား လူဝတ်လဲစေ၍ စစ်ကိုင်းမြို့မရဲစခန်းမှ (ပ)၁၂၀၇/၂၀၁၉ ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၂၆ ဖြင့် အမှုရေးဖွင့်ထားကြောင်း သိရသည်။

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly