“(ကျိုင်းတုံ)ဆွေးနွေးပွဲ ရလဒ်မကောင်းဘူးဆိုရင် အလားအလာက နည်းနည်းလေး စိုးရိမ်ရတယ်”- ဦးဇော်ဌေး

14 September 2019
“(ကျိုင်းတုံ)ဆွေးနွေးပွဲ ရလဒ်မကောင်းဘူးဆိုရင် အလားအလာက နည်းနည်းလေး စိုးရိမ်ရတယ်”- ဦးဇော်ဌေး

အခုလ ၁ရရက်မှာ အစိုးရ၊ တပ်မတော်နဲ့ မြောက်ပိုင်းမဟာမိတ်အဖွဲ့တွေဟာ ကျိုင်းတုံမြို့မှာ တွေ့ဆုံ၊ ဆွေးနွေးကြမှာ ဖြစ်ပါတယ်။ ဒီဆွေးနွေးပွဲဟာ အရေးကြီးသလို တပ်မတော်ရဲ့ အပစ်ရပ်သက်တမ်း တိုး၊ မတိုးဟာလည်း ဒီဆွေးနွေးပွဲအပေါ် မူတည်နေတယ်လို့ သမ္မတရုံး ပြောခွင့်ရသူ ဦးဇော်ဌေးက ဒီကနေ့ သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုလို်က်ပါတယ်။

အစိုးရအနေနဲ့တော့ ၁ရရက်နေ့ ဆွေးနွေးပွဲမှာ အလားအလာကောင်းပြီး မြောက်ပိုင်းမဟာမိတ် လေးဖွဲ့ဖြစ်တဲ့ AA ၊ TNLA ၊ MNDAA နဲ့ KIA တို့ လေးဖွဲ့စလုံးနဲ့ Bilateral အပစ်အခတ်ရပ်စဲရေး ရေးထိုးနိုင်တဲ့ အခြေအနေ ရောက်ဖို့အထိ မျှော်လင့်ထားတယ်လို့ ဦးဇော်ဌေးက ပြောပါတယ်။

(ရိုက်ကူး- အောင်မြတ်သူ/မဇ္ဈိမ)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly