ငြိမ်း၊စု၊စီ ဥပဒေအပေါ် ဒေသန္တရအမိန့်များက ကျော်လွန်လွှမ်းမိုးနေမှုအတွက် မေးခွန်းထုတ်

ငြိမ်း၊စု၊စီ ဥပဒေအပေါ် ဒေသန္တရအမိန့်များက ကျော်လွန်လွှမ်းမိုးနေမှုအတွက် မေးခွန်းထုတ်
(ဓာတ်ပုံ ကိုကိုအောင် -မဇ္ဈိမ)

မန္တလေး၊ စက်တင်ဘာ ၁၃ ။       ။ ငြိမ်းချမ်းစွာစုဝေးခွင့်နှင့် ငြိမ်းချမ်းစွာစီတန်းလှည့်လည်ခွင့်ဆိုင်ရာ ဥပဒေနှင့်နည်းဥပဒေများကို ဒေသန္တရ အမိန့် များနှင့် စည်းကမ်းချက်များက ကျော်လွန်လွွှမ်းမိုး ကန့်သတ်ချုပ်ကိုင်မှုများအတွက် ပြည်ခိုင်ဖြိုးပါတီမှ တိုင်း ဒေသကြီးလွှတ်တော်ကိုယ်စားလှယ်က မေးခွန်းထုတ်ခဲ့သည်။

စက်တင်ဘာလ ၁၃ရက် နံနက်ပိုင်းကပြုလုပ်သော ဒုတိယအကြိမ်၊ မန္တလေးတိုင်းဒေသကြီးလွှတ်တော် ၁၅ ကြိမ် မြောက် ပုံမှန်အစည်းအဝေး ဒုတိယနေ့တွင် မိတ္ထီလာမြို့နယ်၊ မဲဆန္ဒနယ် အမှတ် (၁)မှ ပြည်ခိုင်ဖြိုး တိုင်းဒေသ ကြီးလွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကျော်မိုးက မေးခွန်းမေးမြန်းခဲ့ခြင်း ဖြစ်သည်။

"အခုလိုမေးမြန်းရတာကတော့ ဒီမိုကရေစီလမ်းကြောင်း ပျက်သုဉ်းသွားမှာစိုးရိမ်လို့ မေးမြန်းရခြင်းဖြစ်တယ်။"ဟု ဦးအောင်ကျော်မိုးကပြောသည်။

ပြီးခဲ့သည့်လပိုင်းအတွင်း မန္တလေးမြို့တွင် ပြည်ခိုင်ဖြိုးပါတီမှ ဦးဆောင်ပြုလုပ်သည့် ဆန္ဒဖော်ထုတ်ပွဲများတွင် သက်ဆိုင်ရာမြို့နယ် အုပ်ချုပ်ရေးအဖွဲ့များက ဒေသန္တရအမိန့်များထုတ်ပြန်ကာ ကန့်သတ်မှုများ ပြုလုပ်ခဲ့ကြောင်း အလုပ်သမား၊ လယ်သမားများ၏ ဆန္ဒဖော်ထုတ်ပွဲများကိုလည်း အလားတူကန့်သတ်မှုများ ပြုလုပ်ခံခဲ့ရကြောင်း ထိုသို့ ပြုလုပ်ခံရခြင်းသည် နိုင်ငံသား အခွင့်အရေး ဆုံးရှုံးခြင်း ဖြစ်ကြောင်း ဦးအောင်ကျော်မိုးက ဆိုသည်။

“ဒေသန္တရအမိန့်ပါ စည်းကမ်းချက်များသည် ထုတ်ပြန်ထားသည့် ဥပဒေနှင့်နည်းဥပဒေများအား ဆန့်ကျင် ကျော် လွန်၍ ထုတ်ပြန်ထားခြင်းမရှိသည့်အတွက် ငြိမ်းချမ်းစွာစုဝေးခွင့်နှင့်ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခွင့် လျှောက် ထားသူ ပုဂ္ဂိုလ်နှင့်အဖွဲ့အစည်းများအား ဥပဒေ နည်းဥပဒေပါ သတ်မှတ်ချက်များနှင့်အညီ ဆောင်ရွက်ခွင့် ပေး ခြင်းသာ ဖြစ်ပါတယ်”ဟု မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ လုံခြုံရေးနှင့်နယ်စပ်ရေးရာ ဝန်ကြီး ဗိုလ်မှူးကြီး ကျော်ကျော်မင်းက ပြန်လည်ဖြေကြားခဲ့သည်။

အဆိုပါဖြေကြားမှုအပေါ် မေးခွန်းရှင် ဦးအောင်ကျော်မိုးက ထပ်ဆင့်မေးခွန်း ထပ်မံမေးမြန်းရာ မန္တလေးတိုင်း ဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ဦးအောင်ကျော်ဦးက ဆက်လက်မေးမြန်းခွင့်မပြုခဲ့ပေ။

Mizzima Key Campaign မှာ ပါဝင်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ Visit Our website: http://building.mizzimafoundation.org/

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly