ရုုရှလုပ် ဘက်ဒုံးကျည်ကြောင့် MH17လေယာဉ် ပျက်ကျသွားခြင်းဖြစ်ဟု ဒတ်ချ်အစီရင်ခံစာက ပြောကြား

ရုုရှလုပ် ဘက်ဒုံးကျည်ကြောင့် MH17လေယာဉ် ပျက်ကျသွားခြင်းဖြစ်ဟု ဒတ်ချ်အစီရင်ခံစာက ပြောကြား

ဒတ်ချ် စုံစမ်းစစ်ဆေးသူများ၏ အောက်တိုဘာ ၁၃ ရက်နေ့က ပြောကြားချက်အရ မလေးရှားလေကြောင်းလိုင်းပိုင် Flight 17 လေယာဉ်၏ မောင်းခန်းမှ တစ်ကိုက်လျော့လျော့အကွာတွင် ရုရှလုပ် ဘက်ဒုံးကျည်တစ်စင်း ပေါက်ကွဲသွားရာမှ ယူကရိန်း အရှေ့ပိုင်းကောင်းကင်ယံတွင် လေယာဉ်ကို ကျိုးပြတ်သွားစေကာ လိုက်ပါလာသူ ၃၀၀ နီးပါးမှာလည်း အကြောင်းအရင်းကိုမျှ မသိရမီတွင် ရုတ်တရက် သေဆုံးသွားခဲ့ရခြင်းဖြစ်သည်ဟု ဆိုသည်။

၂၀၁၄ ခုနှစ် ဇူလိုင်လ ၁၇ရက်နေ့က ယူကရိန်းအရှေ့ပိုင်း ကောင်းကင်ယံတွင် ပေါက်ကွဲသွားခဲ့သည့် ကွာလာလမ်ပူမြို့သို့ ဦးတည်ထွက်ခွာလာသော လေယာဉ်ပေါ် လိုက်ပါလာသူများ ကြောက်မက်ဖွယ် ကြမ္မာဆိုးကြုံရပုံကို ကာလကြာမြင့်စွာ စောင့်စားနေခဲ့သည့် ဒတ်ချ်လုံခြုံရေးဘုတ်အဖွဲ့၏ တွေ့ရှိချက်များက ဖော်ထုတ်ပြလိုက်ခြင်းပင် ဖြစ်သည်။

စုံစမ်းစစ်ဆေးသူများက စက်မက်ဖြစ်ပွားနေသည့် ဒေသပေါ် တိုက်ရိုက်ဖြတ်ပျံသည့် လေယာဉ် ဘာဖြစ်သွားသလဲဆိုသည်ကို အဖြေရှာနေကြရာ ယခုအစီရင်ခံစာမှာ သက်သေအထောက်အထား စုဆောင်းမှု၏ နောက်ဆုံးအဆင့်ပင် ဖြစ်သည်။

သို့ရာတွင် တွေ့ရှိချက်များက မည်သူ့တွင် တာဝန်ရှိသနည်းဟူသော မေးခွန်းကို ထွက်ပေါ်လာစေရာ၊ ဒုံးကျည်ထုတ်လုပ်သူများထံမှ ဆန့်ကျင်ဘက်သတင်းများကြောင့်လည်း လေယာဉ်ကိစ္စမှာ မှုန်ဝါးဝါးဖြစ်လာခဲ့သည်။

အစီရင်ခံစာတွင်မူ မည်သည့်မျိုးဆက် ဒုံးကျည်က လေယာဉ်ကို ပစ်ချခဲ့သည်ဆိုသည့်အချက်ကို အတိအကျ ဖော်ပြမထားပေ။ မြေပြင်မှဝေဟင်ပစ် ဘက်ဒုံးကျည်စနစ်ကို ကနဦးက ၁၉၇၀ ခုနှစ် အစောပိုင်း ကာလများတွင် ဆိုဗီယက်ယူနီယံက တီထွင်ခဲ့ခြင်းဖြစ်ပြီး၊ ရုရှ၏ လက်နက်တိုက်ပိုင်ဖြစ်ကာ ပစ်မှတ်ကို ရေဒါဖြင့် ရှာဖွေပစ်ခတ်ရန် ဒီဇိုင်းထုတ်ထားသည့် ရှုပ်ထွေးသော လေကြောင်းကာကွယ်ရေး လက်နက်တစ်ခု ဖြစ်သည်။ ဘက်ဒုံးကျည်ဗားရှင်းအဟောင်းများကို ရုရှက အသုံးမပြုတော့သော်လည်း ယူကရိန်းနှင့် ဆိုဗီယက်အဟောင်း နိုင်ငံတစ်ချို့တွင်မူ အသုံးပြုနေသေးသည်။

9n314m ဒုံးကျည်ထိပ်ဖူးတစ်ခုဟာ လေယာဉ်မောင်းခန်းရဲ့ အပြင်ဘက်ညာဘက်မှာ ပေါက်ကွဲသွားခဲ့တုယ်။ ဒီထိပ်ဖူးဟာ မြေပြင်မှဝေဟင်ပစ် ဘက်ဒုံးကျည်စနစ်တွေမှာ တပ်တဲ့ ထိပ်ဖူးအမျိုးအစားနဲ့ ကိုက်ညီတယ်’’ဟု လုံခြုံရေးဘုတ်အဖွဲ့အကြီးအကဲ ဂျစ်ဘီ ဂျူးစထရာက ပြောကြားခဲ့သည်။ ဒုံးကျည်က အသံထက်သုံးဆအမြန်နှုန်းဖြင့် ပျံသန်းပြီး ပေါက်ကွဲစများက ဂျက်လေယာဉ်ကို မည်သို့ထိမှန်နိုင်ပုံကို သရုပ်ဖော်ထားသည့် ဗွီဒီယိုကို ဘုတ်အဖွဲ့က ထုတ်ပြန်ခဲ့သည်။

‘ပေါက်ကွဲအားနှင့်အတူ တွဲလာတဲ့ ဒီသက်ရောက်မှုက ခေါင်းခန်းနဲ့ ခရီးသည်ခန်းကို ကွဲကွာသွားစေပြီး ဆင်းနေတုန်းမှာပဲ လေယာဉ်ဟာ ပျက်စီးသွားခဲ့ပြီ’’ဟု ဗွီဒီယိုတွင် ရှင်းပြထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly