ဂျေရုဆလင်၊ စက်တင်ဘာ ၂ ။ ။ ဟဇ်ဘိုလာတွေက အစ္စရေးစစ်စခန််းတွေကို တိုက်ခိုက်မှုတစ်ရပ် ဆင်နွှဲတာကြောင့် အစ္စရေးဖက်က ပြန််လှန်ပစ်ခတ်လာခဲ့ရာ ရေရှည်ရန်ဖက်တွေကြား နှစ််များစွာအတွင်း ပထမဆုံး နယ်ဖြတ်ကျော် ပစ်ခတ်တိုက်ခိုက်မှု ဖြစ်ပွားပါတယ်။
လက်ဘနွန်တောင်ပိုင်းကနေ စစ်အခြေစိုက်စခန်းနဲ့ စစ်အရေးပေါ်ယာဉ်တစ်စီးဆီ တင့်ကားဖျက်ဒုံးကျည် နှစ်စင်း၊ သုံးစင်းနဲ့ လှမ်းပစ်ခတ်ခံရပေမယ့် သေဆုံးဒဏ်ရာရသူ မရှိကြောင်း အစ္စရေးစစ်တပ်က ပြောပါတယ်။
အစ္စရေးဖက်က အမြောက်နဲ့ အချက် ၁၀၀ ခန့် လက်တုံ့ပြန်ပစ်ခတ်ပြီး တိုက်ခိုက်ရေးရဟတ်ယာဉ်တွေကလည်း အဲဒီ ပစ်ခတ်ရာအရပ်ဆီ လေကြောင်းထိုးစစ်ဆင်ခဲ့တယ်လို့ စစ်တပ်ပြောခွင့်ရသူ ဒုတိယဗိုလ်ချုပ်ကြီး ဂျိုနသန်ကွန်ရီကက်စ်က ပြောပါတယ်။
အီရန်ထောက်ခံတဲ့ လက်ဘနွန်စစ်သွေးကြွအုပ်စုဖြစ်တဲ့ ဟဇ်ဘိုလာက တိုက်ခိုက်မှုကို အတည်ပြုပါတယ်။ ဟဇ်ဘိုလာ တိုက်ခိုက််ရေးသမားတွေက ရှေ့တန်းနယ်မြေက အစ္စရေး စစ်ယာဉ်တစ်စင်းကို ပစ်ခတ်ဖျက်ဆီးခဲ့တယ်လို့ ဆိုပါတယ်။
ဒီ တိုက်ခိုက်မှုမှာ လူသေဆုံးမှု ရှိပြီး စစ်ယာဉ်အတွင်း ဒဏ်ရာရသူတွေလည်း ရှိတယ်လို့ အစ္စရေး ထုတ်ပြန််ချက်နဲ့ ဆန့်ကျင်လျက် ထုတ်ပြန်ထားပါတယ်။
အစ္စရေးရဲ့ တိုက်ခိုက်မှုကြောင့် လက်ဘနွန်ဖက်က အသေအဆုံးသတင်းကိုတော့ လတ်တလော မကြားသိရသေးပါ။