ကာမိုင်းမြို့နယ်အတွင်း ဆာလာအိတ်ဖြင့်ထည့်ထားသော တရားမဝင် ကျောက်စိမ်းတုံးများဖမ်းမိ

ကာမိုင်းမြို့နယ်အတွင်း ဆာလာအိတ်ဖြင့်ထည့်ထားသော တရားမဝင် ကျောက်စိမ်းတုံးများဖမ်းမိ
ဓာတ်ပုံ - တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး

နေပြည်တော်  သြဂုတ်  ၃၀ ။        ။ ကချင်ပြည်နယ်၊ကာမိုင်းမြို့နယ်တွင် သြဂုတ်လ ၂၈ရက်နေ့က ဆာလာအိတ်ဖြင့် ထည့်ထားသော တရားမဝင် ကျောက်စိမ်းတုံး ဆိုဒ်စုံ ၄၃၉ အိတ်ကို ဖမ်းဆီးရမိခဲ့ကြောင်း တပ်မတော်၏ သတင်းထုတ်ပြန်မှုအရ သိရသည်။

သြဂုတ်  ၂၈  ရက် မွန်းလွဲ ၁၂ နာရီခွဲခန့်တွင်  ဒွန်ဘုန်းခ ကျေးရွာ၏ အနောက်မြောက်ဘက် ၁ မိုင်ခန့်အကွာ၌ လဝါးကျေးရွာဘက်မှ မြစ်ကြီးနားမြို့ဘက်သို့   ယာဉ်မောင်း ဘောက်လာ(ဘ)ဦးခလန်လဒွဲ မောင်းနှင်ပြီး ယာဉ်နောက်လိုက် ယောဆက် (ဘ)ဦးရှန်လွန်း လိုက်ပါလာသည့်  တုန်ဖုန်းအမျိုးအစား  ခြောက်ဘီးယာဉ်အား ရပ်တန့် စစ်ဆေးရာ ယာဉ်ပေါ်တွင် ဆာလာအိတ်များဖြင့် ထည့်၍ တင်ဆောင်လာသော   တရားမဝင် ကျောက်စိမ်းတုံး ဆိုဒ်စုံ ၄၃၉ အိတ်ကို တွေ့ရှိခဲ့ခြင်း ဖြစ်သည်။

အဆိုပါ ကျောက်စိမ်းတုံးများနှင့်အတူ ဖမ်းဆီးရမိသူများအား ကာမိုင်းမြို့မရဲစခန်း၌ တရားဥပဒေအရ   အရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။  
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly