ဗြိတိန် ပါလီမန် ယာယီရပ်ဆိုင်းမှုအပေါ် ကန့်ကွက်ဆန္ဒပြမှုတွေ ပေါ်ပေါက်

ဗြိတိန် ပါလီမန် ယာယီရပ်ဆိုင်းမှုအပေါ် ကန့်ကွက်ဆန္ဒပြမှုတွေ ပေါ်ပေါက်

သြဂုတ် ၂၉ ။         ။ ဗြိတိန် ပါလီမန်ကို ယာယီ ဆိုင်းငံ့ထားဖို့ ဝန်ကြီးချုပ် ဘောရစ် ဂျွန်ဆင်ရဲ့ မေတ္တာရပ်ခံမှုကို ဗြိတိန် ဘုရင်မကြီး အဲလိဇဘက်က သြဂုတ် ၂၈ ရက်မှာ လက်ခံအတည်ပြုပေးလိုက်ပါတယ်။

အဆိုပါ ပါလီမန် ရပ်ဆိုင်းထားဖို့ ဝန်ကြီးချုပ်ရဲ့ ဆုံးဖြတ်ချက် ထွက်ရှိပြီးနောက် ဥရောပသမဂ္ဂ (အီးယူ) ကနေ သဘောတူညီချက် မရဘဲ ဗြိတိန် နုတ်ထွက်မှာကို မလိုလားတဲ့ အမတ်တွေကတော့ ယင်းကိစ္စအပေါ် ဒေါသထွက်နေလျက် ရှိပါတယ်။

ဒါ့အပြင် ယင်း လွှတ်တော် ဆိုင်းငံ့မှု ကိစ္စကြောင့် နိုင်ငံတစ်ဝှမ်း ဆန့်ကျင်ကန့်ကွက်မှုတွေကို ဖြစ်စေခဲ့ပါတယ်။

ခုလို ပါလီမန် ဆိုင်းငံ့ဖို့ ဝန်ကြီးချုပ်ရဲ့ ဆုံးဖြတ်ချက်အပေါ် ဆန့်ကျင်တဲ့အနေနဲ့ လူပေါင်း ရာနဲ့ချီတို့ဟာ သြဂုတ် ၂၈ ရက်က ပါလီမန် ရင်ပြင်နဲ့ ဒေါင်းနင်းလမ်း အပြင်ဘက်မှာ စုဝေး ဆန္ဒပြခဲ့ကြပါတယ်။

စက်တင်ဘာလကနေ အောက်တိုဘာလအကြား သီတင်းပတ် ငါးပတ်ကြာ လွှတ်တော် ဆိုင်းငံ့ထားမှုက Brexit အရေး ဆွေးနွေးဖို့ အချိန်တစ်ခု ရစေဖို့ ဖြစ်တယ်လို့ ဗြိတိန်အစိုးရက ပြောသွားပါတယ်။

ဒါပေမယ့်လည်း ယင်းကိစ္စဟာ လွှတ်တော်အမတ်တွေရဲ့ လုပ်ဆောင်ချက်တွေကို တားဆီးဖို့ ရည်ရွယ်တဲ့ ဒီမိုကရေစီ မဆန်တဲ့ ကြိုးပမ်းမှုတစ်ခုဖြစ်ကြောင်း ဝေဖန်သူတွေက ပြောနေကြပါတယ်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly